ရုပ်ရှင်သရုပ်ဆောင် မင်းသားဇေရဲထက်ကို သူ့ရဲ့ အေကာင့်ကို ပြန်လိုချင်ရင် အလှူတစ်ခု ပြုလုပ်ပေးရမယ်လို့ M4L ဟက်ဟာ အဖွဲ့က တောင်းဆိုလိုက်ပါတယ်..။

မင်းသား ဇေရဲထက်ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို M4L ဟက်ကာ အဖွဲ့မှ ဇန်နဝါရီ(၉)ရက်နေ့က စတင်ထိန်းချုပ်လိုက်တာ ဖြစ်ပြီး အကောင့်ကိုလည်း ပြန်ပေးမှာ ဖြစ်တဲ့အကြောင်းကိုလည်း ပြောထားပါတယ်..။

ယနေ့ ဇန်နဝါရီ(၁၀)ရက်နေ့မှာတော့ သူတို့အနေနဲ့ အကောင့်ကို ထိန်းချူုပ်ရခြင်းအကြောင်းရင်းကို ပြောပြထားပြီး အကောင့် ပြန်ပေးဖို့အတွက်လည်း သူတို့ပြောတဲ့ နေရာလေးတစ်ခုမှာ အလှူလေး ပြုလုပ်ပေးဖို့ ဇေရဲထက်ကို တောင်းဆိုထားတာ တွေ့ရပါတယ်..။

M4L ဟက်ကာအဖွဲ့က Share ထားတဲ့ အဲ့ဒီနေရာလေးမှာ အလှူလေးကို ပြုလုပ်ပြီးရင်တော့ အကောင့်ကို ပြန်လည်ပေးအပ်လို့လည်း ဇေရဲထက်ရဲ့ အကောင့်မှာ ရေးသားတင်ထားတာ ဖြစ်ပါတယ်..။

အဲ့ဒီနေရာလေးကတော့ မှော်ဘီမြို့မှာ ရှိတဲ့ စွန့်ပစ်ခံ ဉာဏ်ရည်မဖွံ့ဖြိုးတဲ့ ဝေဒနာရှင်တွေကို ထားရှိတဲ့ ပရဟိတ ဂေဟာလေးမှာ အလှူလေးကို ပြုလုပ်ပေးရမှာဖြစ်ပြီး တစ်နေ့လုံးစာမှ (၁၃၀၀၀၀) ကျပ်သာ ကျသင့်မှာ ဖြစ်တယ်လို့လည်း အသေးစိတ်ပြောပြထားပါသေးတယ်..။

သူတို့ M4L ဟက်ကာ အဖွဲ့မှ နောက်ထပ်တိုက်ခိုက်မယ့် အနုပညာရှင်တွေ များစွာရှိနေသေးပြီး သူတို့ပြောတဲ့ နေရာလေးတွေမှာ တစ်ရက်စာ အလှူလေးတွေ ပြုလုပ်ပေးပြီး အကောင့်တွေကို ပြန်ရွေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

ဘယ်အနုပညာရှင်က ဘယ်ကျောင်းမှာ သွားရောက်လှူဒါန်းရမယ်ဆိုတာကိုလည်း သူတို့ ပြောပေးမှာ ဖြစ်ပြီး ကလန်ကဆန်လုပ်ပြီး မလှူရင်တော့ ဘယ်အနုပညာရှင်မဆို လူသိခံလို့ မရတဲ့ information တွေကို လူသိရှင်ကြား ချပြသွားမယ်လို့လည်း ပြောထားပါသေးတယ်..။

“ဇေရဲထက်နဲ့ သူ့ Fan တွေအတွက် သတင်းတစ်ခုပေးမယ်.. အခု ငါတို့ Sharing လုပ်ထားတဲ့ကျောင်းမှာ တစ်ရက်စာ အလှူသွားလုပ်ပေးရမယ်.. ဒါဆိုရင် Acc ပြန်ရမယ်..။ တစ်ရက်စာမှ ၁၃၀၀၀၀ ကျပ်ပဲရှိတာဖြစ်တယ်.. ငါတို့ M4L အဖွဲ့အနေနဲ့ နောက်ထပ် တိုက်ခိုက်မယ့် အနုပညာရှင်ပေါင်းများစွာရှိသေးတယ်..။

ငါတို့တိုက်ခိုက်လိုက်တဲ့ အနုပညာရှင်တိုင်းက ငါတို့ Sharing လုပ်တဲ့ မိဘမဲ့ဂေဟာတွေ , ပရဟိတ ကျောင်းတွေ , မသန်မစွမ်းကျောင်းတွေမှာ တစ်ရက်စာအလှူလုပ်ပေးခြင်းနဲ့ မိမိတို့ Acc ကို ပြန်ရွေးရမှာပဲဖြစ်တယ်..။ မင်းတို့ Acc လည်း ပြန်ရတယ်..။ မင်းတို့လည်း ကုသိုလ်ရတယ်..။

တစ်ဖက်က အလှူရှင်လိုနေတဲ့ကျောင်းတွေလည်း တစ်ရက်စာ ပြည့်စုံသွားတယ်..။ ဒါငါတို့ M4L ရဲ့ တောင်းဆိုမှုပဲ..။ ဘယ်အနုပညာရှင်က ဘယ်ကျောင်းကို သွားလှူရမလည်းဆိုတာ ငါတို့ Acc တွေ သိမ်းရင်း ပြောပြသွားမယ်..။

ကလန်ကဆန်လုပ်ပြီး မလှူရင်တော့ ဘယ်အနုပညာရှင်မဆို လူသိခံလို့မရတဲ့ information တွေကို ချပြသွားမယ်..။ အနုပညာရှင်တွေအနေနဲ့ ကြောက်လန့်ပြီး Message တွေ ဖျက်ရင်တောင် အကုန်လုံးပြန်ရအောင် Backup ဆွဲလို့်ရတယ်ဆိုတာ မမေ့ပါနဲ့..။ ကဲ ... စေတနာပါပါနဲ့ သွားလှူပါတော့..။ ဒါ Acc ပြန်ရမယ့် တစ်ခုတည်းသော နည်းလမ်းပဲ..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

Source - ဇေရဲထက် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။