ပရိသတ်အသဲကျော်မင်းသားတစ်ယောက်ဖြစ်တဲ့ ရဲတိုက်ကတော့ ဇာတ်ကားတွေကို စတင်ရိုက်ကူးနေးပြီဖြစ်ပါတယ်။သူကတော့ ပထမဦးဆုံးစတင်ရိုက်ကူးတဲ့ ဇာတ်ကားကို ပရိသတ်အချစ်တော် မင်းသမီးဖွေးဖွေးနဲ့ ရိုက်ကူးနေတာဖြစ်ပါတယ်။

သူရဲ့ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေကတော့ များစွာစိတ်ဝင်စားကြမှာပါ။ချစ်စရာကောင်းတဲ့ ဖွေးဖွေးကတော့ သူမရဲ့ဖေ့စ်ဘုတ်မှာ “မတွေ့တာကြာပြီနော် ကိုရဲတိုက်” ဆိုပြီးဓာတ်ပုံတွေနဲ့အတူမျှဝေထားပါတယ်။

ဖွေးဖွေးနဲ့ရဲတိုက်ဟာ တချိန်က ဇာတ်ကားများစွာကို အတူရိုက်ကူးခဲ့ဖြစ်တဲ့ အနုပညာမောင်နှမတွေဖြစ်ကြပါတယ်။အခုချိန်မှာတော့ အနုပညာအလုပ်တွေကို အတူလက်တွဲသရုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ရဲတိုက်ကတော့ ပထမဆုံးဇာတ်ကားကို သူအရိုက်ချင်ဆုံးမင်းသမီးနဲ့ စတင်ရိုက်ကူးနေပြီဖြစ်ပါတယ်။ 

source - phway phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။