မျက်ခုံးဟာလူတစ်ယောက်မှာ အရေးကြီးဆုံးပါ။ ကိုယ့်မျက်နှာနဲ့လိုက်ဖက်တဲ့ မျက်ခုံးပုံစံကို ရွေးချယ်ပြီး ဆွဲတတ်ဖို့လည်း လိုအပ်ပါတယ်။ အဲဒီအမှားတွေကနေ မိန်းကလေးတွေရဲ့အလှတရားတွေကို မှေးမှိန်သွားစေပါတယ်။ဒါကြောင့် ဘယ်လိုအမှားတွေလုပ်မိလေ့ရှိလဲဆိုတာ သိရဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁-အရောင်ရွေးမှားခြင်း

သင့်မှာ တကယ်လို့ မျက်ခုံးမွှေးက သာမန်အတိုင်းရှိတယ်ဆိုရင် အရမ်းခြယ်သစရာမလိုပါဘူး။

အညိုရောင်ခဲတံတွေကိုလည်း သုံးစရာမလိုပါဘူး။ကိုယ့်ရဲ့မျက်ခုံးမွှေးထက်အရောင်နှစ်ဆဖျော့တာ ဒါမှမဟုတ် ဆံပင်အရောင် နဂိုမျက်ခုံးအရောင်နဲ့ အနီးစပ်ဆုံးတူတဲ့အရောင်တွေကို ရွေးချယ်သင့်ပါတယ်။ကိုယ့်နဲ့နဂိုရှိပြီးသားအခံအရောင်ကနေ ကွဲထွက်ပြီး ခြယ်သတာက သဘာဝမကျစေတဲ့အပြင် ပိုကြည့်ရဆိုးစေပါတယ်။

၂-ရေမချိုးခင် မျက်ခုံးမွှေးနှုတ်ခြင်း

မျက်ခုံးမွှေးနှုတ်ရင် အနည်းနဲ့အများတော့ နာကြပါတယ်။ဒါပေမယ့်ရေပူနဲ့ရေချိုးရင်း မျက်ခုံးမွှေးနှုတ်ပေးရင်တော့ ချွေးပေါက်တွေကို ပွင့်စေလို့ နှုတ်ရလွယ်ကူစေမှာပါ။ဒါ့အပြင် နီရဲတာတွေကို လျော့ပါးစေပါတယ်။ဒါကြောင့်ရေချိုးပြီးမှ မျက်ခုံးမွှေးနှုတ်မယ့်အစား ရေချိုးရင်းနှုတ်တာက နာကျင်တာကိုသက်သာစေပြီး လွယ်ကူစေပါတယ်။

၃-မျက်ခုံးမွှေးခဏခဏနှုတ်ခြင်း

မျက်ခုံးမွှေးခဏခဏနှုတ်ရင် ပိုပြီးထူထဲစေပါတယ်။ဒါကြောင့် ခဏခဏနှုတ်တာကိုရှောင်ကြဉ်သင့်ပါတယ်။

ကိုယ့်မျက်ခုံးမွှေးအနေအထားကို မူတည်ပြီး ပုံမှန် နှစ်ပတ်ကိုတစ်ခါ ပုံသွင်းပေးရင် လုံလောက်ပါတယ်။

၄-Skincareတွေကို မျက်ခုံးမွှေးတစ်ဝိုက်လိမ်းခြင်း

မျက်ခုံးမွှေးရှိတဲ့အနီးအနားတစ်ဝိုက်ကို Skin Careလိမ်းတာမျိုးရှောင်သင့်ပါတယ်။Skincareတွေက မျက်ခုံးထဲစိမ့်ဝင်ပြီး မျက်ခုံးမွှေးပေါက်အောင် လှုံ့ဆော်စေနိုင်လို့ သတိထားသင့်ပါတယ်။

၅-မျက်ခုံးထူထူဆွဲခြင်း

မျက်ခုံးမွှေးဆွဲတာက ခေတ်စားလာတာနဲ့အညီ ထူထူကြီးတွေဆွဲလာကြပါတယ်။

ခေတ်စားတိုင်းလိုက်ဆွဲတယ်ဆိုပေမယ့် ကိုယ်နဲ့လိုက်ဖက်လားဆိုတာ ဆန်းစစ်ကြည့်ဖို့လိုပါတယ်။

ဒါ့အပြင် အနက်ရောင်ဆွဲတာလည်းရှောင်ရပါမယ်။မျက်ခုံးကထူထူမဲမဲကြီးဆို ကြည့်ရရုပ်ဆိုးစေပါတယ်။

ခေတ်နဲ့အညီလိုက်ဖို့မလိုပါဘူး ကိုယ်နဲ့လိုက်ဖက်အောင်ပြင်ဆင်တတ်ရင် လုံလောက်ပါတယ်။

၆-ထောင့်ချိုးတွေထည့်ခြင်း

ဇင်ယော်တောင်မျက်ခုံးလေးတွေဟာ လှပပါတယ်ဒါပေမယ့်ဇင်ယော်တောင်မျက်ခုံးလိုမဖြစ်ဖြစ်အောင် အတင်းထောင့်ချိုးတွေ တမင်ကွေးယူပြီး ဆွဲတာမျိုးတွေက မလှစေဘဲ ဂျိုကာရုပ်ပေါက်သွားစေတတ်လို့ အလွန်အကျွံမဖြစ်အောင် သတိထားပေးရပါမယ်။

၇-အရည်အသွေးနိမ့်တဲ့ Tweezerတွေသုံးခြင်း

မျက်ခုံးမွှေးနှုတ်တဲ့အခါဇာဂနာတွေကောင်းမွန်ဖို့လည်းလိုအပ်ပါတယ် ။ အရည်အသွေးနိမ့်တဲ့ ဇာဂနာတွေကိုသုံးရင် မညီမညာနှုတ်မိတာ၊မမိတာ၊ကွက်တာ၊နာကျင်တာတွေဖြစ်တတ်ပါတယ်။ဒါကြောင့် ဇာဂနာတွေကိုလည်းဂရုစိုက်သင့်ပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။