မြန်မာပြည်တွင်းမှာရှိတဲ့ ငါးမွေးကန်အချို့တွင် စုပ်ခွက် ငါးတွေဝင်ရောက်ပြီး အစာများလုယူသုံးစားမှုတွေ ရှိနေတယ်လို့သိရှိရပါတယ်။ထိုသို့လုယူစားသုံးမှုတွေကြောင့် မွေးမြူထားတဲ့ ငါးတွေဟာကြီးထွားမှုမရှိတဲ့တော့အတွက် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေအတွက် ထိခိုက်နစ်နာမှုတွေများစွာရှိနေပါတယ်။ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူတွေကတော့ ၎င်းအဖြစ်အပျက်တွေကို များစွာစိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်လို့သိရှိရပါတယ်။ 

ယမန်နေ့ ဇန်နဝါရီလ ၉ရက်နေ့မှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာကျင်းပခဲ့တဲ့ အစည်းအဝေးမှာတော့ စုပ်ခွက်ငါးတွေက အသားစားငါးမဟုတ်ပါဘူး ၊ ရေညှိတေါ ရေမှော်တွေစားပြီးကြီးပြင်းရတာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူးလို့ အလှမွေးငါး လုပ်ငန်းရှင်များအသင်း တွဲဘက်အတွင်းရေးမှူး ဦးခိုင်မောင်ဦး ကပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံအနေနဲ့ စုပ်ခွက်ငါးတွေကို ပြည်ပမှတင်သွင်းတာတွေလဲ မရှိဘူးလို့သိရှိရပါတယ်။ 

စုပ်ခွက်ငါးတွေက မွေးမြူထားတဲ့ မှန်ကန်ထဲမှာလည်း သားပေါက်ခြင်းမရှိပါဘူး၊ မြစ်၊ချောင်း၊အင်းအိုင်တွေရဲ့ကြမ်းပြင်မှာပဲ နေထိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေပါဘူး၊ အညစ်အကြေးတွေကို သာစားသုံးတဲ့ငါးဖြစ်တဲ့အတွက် အစာလုစားတာလဲ မဖြစ်နိုင်ပါဘူး၊ မြစ်၊ချောင်းတွေကတစ်ဆင့် ငါးမွေးမြူရေးကန်တွေထဲဝင်ရောက်တာဖြစ်တဲ့ အတွက် ငါးကန်များရေသွင်းခြင်းနဲ့ ငါးကန်သန့်ရှင်းရေးလုပ်တဲ့နေရာတွေမှာ ငါးမွေးမြူတဲ့သူတွေအနေနဲ့ သတိထားသင့်တယ်လို့ လဲ ဦးခိုင်မောင်ဦးကပြောကြားထားပါတယ်။ ရန်ကုန်တိုင်းငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦထွန်းဝင်းမြင့် ကလဲ ငါးကန်များအတွင်း စုပ်ခွက်ငါးတွေ ုဝင်ရောက်မှုများကို မည်သူမှ အကြောင်းကြားခြင်းမရှိပါဘူး ၊ လုပ်ငန်းရှင်တွေအနေနဲ့လဲ ငါးကန်များကိုရေစသွင်းထဲက စုပ်ခွက်ငါးတွေမပါအောင် သေချာစီစစ်ပြီး ပြုုလုပ်သင့်တယ်လို့ အကြံပေးပြောကြားခဲ့ပါတယ်။

source - Opinion Leaders Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။