ဟရိဘုဉ္ဇ မွန်နေပြည်တော်ဟာ ဒွါရဝတီနေပြည်တော်ရဲ့ မြောက်ဘက်မှာ တည်ရှိခဲ့ပါတယ်။ ယခုအခါမှာကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း ဇင်းမယ်မြို့ရဲ့ တောင်ဘက် (၁၂) မိုင်ခန့်ရှိတဲ့ လန်ဖုန်းမြို့ပ ဲဖြစ်ပါတယ်။ဟရိဘုဉ္ဇမြို့တော်ကို အရင်မူလက ဝသုဒိပ်ရသေ့ ကြီးက အေဒီ (၇)ရာစုမှာ တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာ ဒွါရဝတီဧကရာဇ် ဘုရင်ရဲ့ လောပူရီမြို့စား သ္မီးတော် စမ္မဒေဝီကို ဟရိဘုဉ္ဇယမြို့မှာ ဘုရင်မကြီးပြုရန် ဖိတ်ခေါ်ခဲ့ပါတယ်။စမ္မဒေဝီမင်းသ္မီးဟာ လောပူရီမြို့မှ မှူးမတ်စစ်သည် အမြောက်အများနှင့် ရဟန်းသံဃာ ၅၀၀ နဲ့အတူ ကြွရောက်ချီးမြင့်တော်မူပြီး ဟရိဘုဉ္ဇယခေါ် လန်ဖုန်းမြို့မှာ မင်းပြု တော်မူခဲ့ပါတယ်။

မြို့တော်ကို စည်ပင်သာယာဖို့အတွက် အမျိုးမျိုး ဆောင်ရွက်နေတဲ့ အချိန်မှာ ခမာဘုရင် သူရိယ ဗာမာန်ဟာ ဟရိဘုဉ္ဇမြို့တော်ကို သိမ်းပိုက်ရန် အကြိမ်ကြိမ် တိုက်ခိုက် ကြိုးပမ်းခဲ့သော်လည်း စမ္မဒေဝီ ဘုရင်မကြီးရဲ့ ကိုယ်တိုင်ခုခံ တိုက်ခိုက်မူကြောင့် အောင်မြင်ခြင်း မရှိခဲ့ပါ။စမ္မဒေဝီ ဘုရင်မဟာ အောင်မြင်ခြင်း အထိမ်အမှတ်အဖြစ် ဝပ်ကျောင်းတော် ငါးကျောင်း ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။သို့သော် ဟရိဘုဉ္ဇယပြည်မှာ အေဒီ (၁၁) ရာစုခန့် တစ်တိုင်းပြည်လုံး ဝမ်းရောဂါ ဖြစ်နေတဲ့အတွက် စမ္မဒေဝီ ဘုရင်မကြီးဟာ သထုံပြည်သို့ ခေတ္တတိမ်းရှောင်ခဲ့သော်လည်း သထုံပြည်ကြီးဟာ ဗမာဘုရင် လက်အောက်မှာ ရောက်ရှိနေပြီး ဘာသာအယူဝါဒ ဗုဒ္ဓဘာသာ တူနေသော်လည်း ဘာသာစကား မတူသဖြင့် သထုံမှရှောင်ဖယ်ပြီး ဟံသာဝတီသို့ပြောင်းရွှေ့ စံတော်မူနေခဲ့တယ်။

ဟံသာဝတီ မွန်ပြည်ကြီးမှာဆိုရင် ဘာသာအယူဝါဒနှင့် ဘာသာစကားပါ တူညီတဲ့အတွက် စမ္မဒေဝီအား လက်ခံ ကြိုဆိုခဲ့ကြပါတယ်။

ဟံသာဝတီတွင်း နေစဉ် ဟံသာဝတီ ဘုရင့်သားတော် တစ်ပါးနဲ့ ရည်ငံချစ်ကြည်ခဲ့ပါတယ်။ နောက်ပိုင်း ဟရိဘုဉ္ဇယမှာ ဝမ်းရောဂါ ကင်းရှင်းတဲ့အခါ စမ္မဒေဝီဟာ ဟရိဘုဉ္ဇယသို့ပြန်လာခဲ့လေတယ်။ တိုင်းပြည်သို့ပြန်ရောက်တဲ့အခါ မိမိမှာ ကိုယ်လေး လက်ဝန်ရှိကြောင်း သိရှိရပြီး အမွှာ သားတော် ညီနောင် နှစ်ပါးကို မွေးဖွားခဲ့တယ်။ဒိတ္တယရာဇာနှင့် အဒိတ္တယရာဇာ မင်းနှစ်ပါး အရွယ်ရောက်တဲ့အခါ သားကြီးကို လန်းဖုန်းမြို့ကို အုပ်ချူပ်စေပြီး သားငယ်ကို လန်းဖန်းမြို့၌ အုပ်စိုးစေတယ်။

စမ္မဒေဝီ ဘုရင်မကြီးဟာလည်း တခါတရံ လန်ဖန်းမြို့သို့ ည်းကောင်း တခါတရံ လန်းဖုန်းမြိုသ့ို လည်းကောင်း အုပ်ချူပ်သွားခဲ့ပါတယ်။ ဘုရင်မကြီး အနိစ္စ ရောက်သွားတဲ့ သက္ကရာဇ် အတိအကျကို မသိရပါ။သက္ကရာဇ်အေဒီ (၁၂၉၂) ခုနှစ် မှာ ဟရိဘုဉ္ဇယကို အုပ်စိုးခဲ့တဲ့ ယိဗဘုရင် လက်ထက်မှာ ယိုးဒယားဘုရင် မင်းရာန်ကို စစ်ရှုံးခဲ့တဲ့အတွက် ဒွါရဝတီ မွန်နိုင်ငံကြီးသည် (၁၁) ရာစု မှာ ခမာတို့အား စစ်ရှုံးခဲ့သလိုပဲ (၁၃) ရာစုမှာ ဟရိဘုဉ္ဇယ မွန်နိုင်ငံသည်လည်း ထိုင်းတို့ လက်အောက် ကျရောက်ခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့် အရှေ့ဘက် မွန်နိုင်ငံကို အဲ့ဒီအချိန်မှစပြီး မွန်လူမျိုးများ လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

Source :  မွန်လူမျိုးတို့၏ သမိုင်းအကျဉ်း (နိုင်မောင်တိုး)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။