တစ္စေသရဲ ဆိုတာလည်း ကမ္ဘာပေါ်က လူတိုင်းကို ယနေ့ထိယုံရခက်မယုံရခက် ဖြစ်စေတဲ့ အချက်ပါပဲ။

မယုံသူတွေလည်းရှိကြမှာဖြစ်ပေမယ့် ကိုယ်တိုင်ကြုံဖူးမြင်ဖူးသူတွေနဲ့ CCTV မှတ်တမ်းတွေ ၊ တစ္စေဖမ်းစက်တွေမှာတော့ မကျွတ်မလွတ်တဲ့နာနာဘာဝတွေနဲ့ ၀ိညာဉ်တွေရဲ့ ပုံရိပ်တွေကို ဖမ်းယူတွေ ့ရှိဖူးကြပါတယ်။

ဗြိတိန်ရဲ့ သရဲအခြောက်အဆုံးအကျဉ်းထောင်တစ်ခုအဖြစ်နာမည်ကြီးနေတဲ့ Bodmin အကျဉ်းထောင်မှာ ၀ိညာဉ်တစ်ကောင် ကြိုးဆွဲချသေဆုံးနေတဲ့

လှုုပ်ရှားမှုပုံရိပ်တစ်ခုကို တစ္စေခြေရာခံစက်ကနေ တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

၀ိညာဉ်တွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေဘယ်နားမှာရှိနိုင်မလဲဆိုတာခြေရာခံနိုင်တဲ့ GostHunter စက်မှာပေါ်နေတဲ့ ၀ိညာဉ်ဟာ နောက်ဆုံးကြိုးဆွဲချသေသွားတဲ့ အကျဉ်းသားတစ်ယောက်ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

အဆိုပါ အကျဉ်းထောင်မှာ ကင်မရာပေါ်နေတဲ့ပုံရိပ်ကို ဖမ်းယူထားသူကတော့ Tony Ferguson ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် သူတို့ရဲ့ အကျဉ်းထောင်ဟာ ခရီးသွားတွေကို စိတ်ဝင်စားမှုမြင့်တက်စေပြီး အခုလို သဘာဝလွန်ဖြစ်ရပ်တွေကို မကြာခဏတွေ့မြင်ရတယ်လို့ စုံတွဲတစ်တွဲက ပြောကြားခဲ့ပါတယ်။

အကျဉ်းထောင်ဆိုတာလည်း ကြောက်စရာကောင်းတဲ့နေရာတစ်ခုမို့ လူတိုင်းအတွက်တော့ ကြက်သီးထစရာမြင်ကွင်းတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါပဲ။

ပရိသတ်ကြီးရော သရဲ တကယ်ရှိတယ်ဆိုတာ ယုံရဲ့လား ကြုံဖူးလား 

Source : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။