နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ သက်မွန်မြင့်တစ်ယောက် “ ဗိုလ်နေတိုး ” ဇာတ်ကား အတွက် မေမြို့ကိုသွားရောက်ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။ အိမ်ကနေ ခုချိန်ထိမထွက်ရ သေးပဲ သားနဲ့သမီးကို မခွဲချင်တဲ့စိတ်ကလေးဖြစ်နေတယ်လို့ သူမရဲ့ Facebook မှာ တင် ထားပါတယ်။ ဝါသနာလည်းဖြစ် စီးပွားရေးလည်ဖြစ်တာကြောင့် အနုပညာလုပ်ငန်းကို ကျော မခိုင်းနိုင်သေးတာဖြစ်ပြီး နယ်သွားခါနီး တိုင်း သားနဲ့သမီးကိုလွမ်းလို့ ငိုချင်သလိုလိုဖြစ်တယ် လို့ ဆိုပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကိုတည်ဆောက်ထားပြီး ချစ်စရာ ကောင်းတဲ့ သားလေးနဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါ သေးတယ်။

အနုပညာလုပ်ငန်းမှာလည်း အောင်မြင်ပြီး ပရိတ်သတ်ချစ်ခင်အားပေးတဲ့ အကယ်ဒမီဆုရှင် မင်းသမီး တစ်ဦးလည်းဖြစ်ပါတယ်။ အနုပညာလုပ်ငန်းကို မစွန့်လွှတ်နိုင်၊ ရုပ်ရှင်မရိုက်ပဲ မနေနိုင်ဘူးလို့ ဆိုပါတယ်။ နယ်ဇာတ်ကားတွေမရိုက်ဘူးလို့ သူမက အားတင်းထားပေမယ့် အလုပ်လုပ်တာပဲမို့ လိုအပ်ရင်သွားရမယ်ဆိုတဲ့စိတ်ကြောင့် မေမြို့ကိုသူမက ရုင်ရှင် ဇာတ်ကားရိုက်ကူးဖို့ သွားရတော့မှာပဲ ဖြစ်ပါတယ်။

သူမရဲ့ Facebook မှာ အိမ်ကနေ တဖဝါးမှ မခွာရသေးဘူး လွမ်းသလိုလို ငိုချင်နေတယ်.. ကိုယ်မှ မစွန့်လွှတ်နိုင်တာ ရုပ်ရှင်မရိုက်ပဲမှ မနေနိုင်တာ နယ်မရိုက်သေးပါဘူးလို့ တင်းနေပေမယ့် အလုပ်လုပ်တာပဲ လိုအပ်ရင် သွားရမှာပေါ့ မသွားခင် အလွမ်းသယ်ပေါ့ ( ဗိုလ်နေတိုး ရုပ်ရှင်တွက် မေမြို့သို့) ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ အနုပညာသမားတွေဟာ ပရိတ်သတ်အတွက်ဆိုတဲ့ စိတ်တစ်ခုနဲ့ အရာအားလုံးကို ခေတ္တလစ်လျူရှုထားကြတာပဲ ဖြစ်ပါတယ်။ မေမေချစ်သက်နဲ့အတူ သူမရဲ့ ချစ်စဖွယ်သားနဲ့သမီးရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Photo – Thet Mon Myint’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။