၁၀.၁.၂၀၁၈ ရက်နေ့မှ ၁၆. ၁. ၂၀၁၈ အထိ ဆရာ စံဇာဏီဘိ်ု၏ တစ်ပတ်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ ကံကောင်းစေမဲ့ ဂဏန်း၊ အရောင်တွေလည်း ပါ၀င်တာကြောင့် အားလုံးပဲ ကံကောင်းကြပါစေနော် ….

တနင်္ဂနွေနေ့ မွေးသူများ

ငွေကြေးကံ လုပ်ငန်းကံ ကောင်းမယ်။ ရန်အတိုက်အခံ များနဲ့ ထိပ်တိုက်တွေ့မယ်။ လူပေါင်းမှား၊ ဆုံးဖြတ်ချက်မှား ခြင်းနဲ့ ကြုံမယ်။ သူများ ပြသနာ ကိုယ့်ပြသနာ ဖြစ်မယ်။ စာရွက်စာတမ်း အပေးအယူကိစ္စ၊ ငွေကြေး အပေးအယူ ကိစ္စတွေမှာ သတိနဲ့ ယှဉ်ပြီး လုပ်ရမယ့် ကာလဖြစ်မယ်။ သူများနဲ့ ကိုယ့်ရဲ့ ပြသနာကြား တစ်ဆဆ ကျယ်ပြန့်ခြင်း မဖြစ်အောင် ထိန်းချုပ်ရမယ်။ မှန်းတာနဲ့ လက်တွေ့ကွာဟပြီး စိတ်အနှောင့်အယှက်ဖြစ်မယ်။ ကံတက်ခြင်းနှင့် တိုးတက်ခြင်း ကြံုမယ်။ နာမည်အတွင်း - အ၊ ဥ၊ စ၊ ဇ၊ ည ပါတဲ့ သူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ တနင်္လာ နေ့ မွေးသူများကြောင့် ကံကောင်းခြင်းများ ကြံုမယ်။

ကံကောင်းစေသောအရောင် - အဖြူရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၅၊ ရ၊ ၉

ယတြာ - စံပယ်ပန်းပွင့် ၁၇ ပွင့် ဘုရား ကပ်လှူခြင်းဖြင့် ကောင်းခြင်းကံများ ရရှိမယ်။  

တနင်္လာနေ့မွေးသူများ

ထူးခြားတဲ့ အပြောင်းအလဲနှင့် တိုးတက်မှုများ ရှိမယ်။ မိတ်ဟောင်း၊ ဆွေဟောင်း အထောက်အကူရမယ်။ ငွေကြေး ကံကောင်းမယ်။ အလိုပြည့်စုံခြင်း၊ ဘဝတိုးတက်ခြင်း၊ ရည်မှန်းထားသည်များ ရှေ့တိုးလုပ်၍ အောင်မြင်ခြင်းများ ကြံုမယ်။ လုပ်သလောက် အဆင်ပြေမယ်။ ရန်အတိုက်အခံ အနည်းငယ် ကြံုမယ်။ တနင်္လာ၊ အင်္ဂါ၊ သောကြာနေ့ မွေးသူများနှင့် တွဲဖက်လုပ်ကိုင်လျှင် ထူးထူးခြားခြား အောင်မြင်ပြီး ကံကောင်းနိုင်တယ်။ ကြာသာပတေး၊ စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။

ကံကောင်းစေသောအရောင် - အပြာရင့်ရောင်၊ ပန်းရောင်၊ အနီရောင်

အကျိုးပေးဂဏန်း - ၆၊ ၅ ၊ ၉

ယတြာ - နေအိမ်အနီးနားမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ အလှူဒါန ပြုပေးပါ။ 

အင်္ဂါနေ့မွေးသူများ

ထူးခြားတဲ့ ကံအောင်မြင်မှုနှင့် တိုးတက်မှု ကြံုမယ်။ ကိုယ်လုပ်သလောက် ထွန်းပေါက်မယ်။ ရည်မှန်းထားသလောက် အောင်မြင်မှု ရမယ်။ ငွေအကုန်အကျ များပေမယ့် လုပ်သမျှ အောင်မြင်နိုင်တယ်။ ငွေကြေး ကံကောင်းနိုင်တယ်။ သူတစ်ပါးကိစ္စတွေကို လုပ်ရနိုင်တယ်။ မိတ်ကောင်းဆွေကောင်း အထောက်အကူရမယ်။ ရန် အတိုက်အခံ အနည်းငယ် ရှိပြီး အလုံးစုံ အဆင်ပြေသွားနိုင်တယ်။ တနင်္လာ၊ သောကြာ၊ စနေနေ့ မွေးသူများနှင့် ပူးတွဲလုပ်ကိုင်လျှင် အဆင်ပြေမယ်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။ လူမျိုးကွဲ အကျိုးပေးမယ်။

ကံကောင်းစေသောအရောင် - အပြာရောင်၊ အနီရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၁၊ ၄၊ ၉

ယတြာ - ၀ါးတူ တစ်စုံကို ရှာဖွေပြီး စွန့်ပစ်လိုက်ပါ။

ဗုဒ္ဓဟူးနေ့မွေးသူများ

ရန်အတိုက်အခံနှင့် ထိပ်တိုက်တွေ့မယ်။ မူလမှန်းထားတာနှင့် ကွာဟမယ်။ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်မယ်။ ငွေကြေး ၀င်မယ်။ အထင်မှားခံရခြင်း၊ နားလည်မှု လွဲနိုင်ခြင်းများ ရှိမယ်။ မျှော်မှန်းထားသလို ဖြစ်မလာတာမျိုး ရှိမယ်။ ပြသနာဟောင်းများ ဖြေရှင်းရနိုင်တယ်။ လုပ်နေရင်းမှ နှောင့်နှေးတာမျိုးရှိမယ်။ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ကြာသာပတေး၊ သောကြာ၊ စနေများကြောင့် ကောင်းကျိုးများ ရနိုင်တယ်။

ကံကောင်းစေသောအရောင် - အနီရောင်၊ အပြာရောင်၊ ပန်းရောင်

အကျိုးပေးဂဏန်း - ၈၊ ရ၊ ၉

ယတြာ - စံပယ်ပန်း ကိုးပွင့် ဘုရားကပ်လှူပေးပါ။ 

ရာဟု မွေးသူများ

အထူးကောင်းတဲ့ ကံများ ပေါ်တယ်။ ရာဇကိန်းနှင့် တိုက်ဆိုင်တာကြောင့် ငွေကြေးကံ အောင်မြင်မယ်။ လုပ်ငန်းခွင်မှာလည်း တိုးတက်ကိန်း ရှိတယ်။ ဘဝ အောင်မြင်မှု ရမယ်။ မှန်းတာတစ်မျိုး လက်တွေ့တစ်မျိုးတော့ ဖြစ်နိုင်တယ်။ ကံကောင်းတဲ့ ကာလ ဖြစ်တယ်။ အကြံသစ်များ၊ ရည်ရွယ်ချက်သစ်များ လက်တွေ့ အကောင်အထည်ဖော်လို့ ကောင်းမယ်။ သစ္စာမဲ့သူ၊ စကား မတည်သူနှင့် တွေ့နိုင်တယ်။ တနင်္ဂနွေ၊ သောကြာ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်နိုင်တယ်။ တနင်္လာ၊ အင်္ဂါနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရမယ်။

ကံကောင်းစေသောအရောင် - မီးခိုးရောင်၊ အပြာရင့်ရောင်၊ နက်ပြာရောင်

အကျိုးပေးဂဏန်း - ၈၊ ၃၊ ရ

ယတြာ - ဆန်တစ်ဆုပ်ကို အနောက်မြောက်ဘက်ကို မျက်နှာမူပြီး ကြက်၊ ငှက်များကို အစာကျွေးပါ။ 

ကြာသာပတေးနေ့ မွေးသူများ

အပြောင်းအလဲနှင့် တိုးတက်မှုများ ကြံုမယ်။ ကံကောင်းမယ်။ လူမျိုးကွဲ အကျိုးပေးမယ်။ ငွေကြေးကံ၊ ဘဝကံ တိုးတက် ပြောင်းလဲခြင်းများ ရှိမယ်။ နိုင်ငံခြားနဲ့ ဆက်စပ်တဲ့ လုပ်ငန်း အကျိုးပေးမယ်။ ဆွေမျိုးတွေထဲမှာ ကျန်းမာရေး ချူချာမယ်။ ငွေကြေး ကံကောင်းမယ်။ အတိုက်အခံ အနည်းငယ် ရှိမယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ စနေ မွေးသူများ ကောင်းကျိုးပေးပြီး တနင်္ဂနွေ၊ တနင်္လာ မွေးသူများ ဒုက္ခပေးတတ်တယ်။

ကံကောင်းစေသောအရောင် - အစိမ်းရောင်၊ အဖြူရောင် ၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၅၊ ၉၊ ရ

ယတြာ - နေအိမ် အနီးနားမှာ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ လက်ဖက်ခြောက် ဒါနပြုပါ။ 

သောကြာနေ့ မွေးသူများ

အရေးပါတဲ့ ဆုံးဖြတ်ချက်များ ချမှတ်ရမယ်။ ရှေ့တိုး လုပ်ကိုင်တဲ့ အလုပ်အကိုင်များ အောင်မြင်နိုင်တယ်။ သူတစ်ပါးနှင့် ကိုယ်နဲ့ ကြား မတူညီတဲ့ လုပ်ငန်းများ လုပ်ကိုင်ရင်းကနေ လုပ်ငန်းများ အောင်မြင်နိုင်ကိန်း ရှိတယ်။ နေအိမ်၊ အလုပ်နေရာတို့တွင် ကောင်းသော အပြောင်းအလဲနှင့် တိုးတက်ခြင်းများ ကြံုမယ်။ ငွေအစုလိုက် ၀င်နိုင်တယ်။ ရန်အတိုက်အခံ အနည်းငယ်နှင့် ယှဉ်ပြီး လုပ်ရတတ်တယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် ကောင်းကျိုးများရပြီး စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။

ကံကောင်းစေသောအရောင် - အပြာရောင်၊ အဝါရောင်၊ နို့နှစ်ရောင်

အကျိုးပေးဂဏန်း - ၁၊ ၄၊ ၉

ယတြာ - ပန်းအဝါရောင်ကို ကြွေပန်းအိုးထဲ ထိုးပြီး အနီးအပါးမှာ ဆောင်ရွက်ခြင်း ထားရှိပေးပါ။  

စနေနေ့မွေးသူများ

ထူးခြားသော အပြောင်းအလဲများနှင့် ကံကောင်းမယ်။ စီးပွားရေး ငွေကြေး ကံကောင်းမယ်။ လိုအင်ဆန္ဒ ပြည့်ဝမယ်။ ပုံမှန်ထက်ပိုပြီး ကောင်းမွန်မယ်။ အပေးအယူ ကိစ္စမှာ ဖြစ်နေတဲ့ ပြသနာတွေ ဖြေရှင်းနိုင်တယ်။ ပျိုရွယ်သူတွေ မျက်နှာပွင့်မယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ အင်္ဂါနေ့ မွေးသူများ ကောင်းကျိုးပေးပြီး သောကြာ၊ တနင်္လာနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။

ကံကောင်းစေသောအရောင် - အပြာရောင်၊ အနီရောင်၊ ပန်းသွးရောင်

အကျိုးပေးဂဏန်း - ၃၊ ရ၊ ၉

ယတြာ - ပန်းအနီရောင်ကို ကြွေပန်းကန်ပြားပေါ်တင်ပြီး အနီးနားမှာ ထားရှိလိုက်ပါ။

သတင်းအရင်းအမြစ် - ဆရာစံဇာဏီဘို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။