တရုတ်နိုင်ငံ နန်ကျင်းမြို ့တွင်ကျင်းပနေသော Miss all nations 1017 / 2018 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နေတဲ့ ရှမ်းတိုင်းရင်းသူလေး နန်းမွေခမ်းကတော့ တရုတ်နိုင်ငံရဲ့ နာမည်ကြီး စာရေးဆရာများနှင့် တွေ့ဆုံခြင်းအခမ်းအနား မှာ ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ် ။ ဆုနာမည်ကတော့ Miss Miaoyu ပါတဲ့ ။ 

Miaoyu လို့အမည်ရတဲ့ တရုတ်ပြည်ရဲ့ နာမည်ကျော်ဝတ္ထုက ဇာတ်ကောင်မင်းသမီးလို ချောမောလို့ ဒီဆုကိုပေးအပ်ခဲ့တာလို့လည်း သိရှိရပါတယ် ။

မြန်မာဂုဏ်ဆောင် ရှမ်းတိုင်းရင်းသူလေးကတော့ ဒီထက်ပိုကောင်းအောင် ကြိုးစားမယ်လို့လည်း ဆိုပါတယ် ။ သူမဟာ Miss all nations 1017 / 2018 ပြိုင်ပွဲမှာ National Costume ကိုလည်း ရှမ်းရိုးရာဝတ်စုံကို အဆန်းတီထွင်ပြီး ၀တ်ဆင်ယှဉ်ပြိုင်ခဲ့ပါတယ် ။ 

အဆိုပါပြိုင်ပွဲမှာ သူမဝတ်ဆင်ခဲ့တဲ့ ရှမ်းရိုးရာ ခမောက်ဟာ လူစိတ်ဝင်စားမှုအများဆုံးရရှိခဲ့တာပါ ။

ဒီဇင်ဘာ ၂၇ မှ ဇန်နဝါရီ ၁၅ ထိ ခရီးသွားခြင်း ၊ ကွင်းဆင်းလေ့လာခြင်း ၊ ပြိုင်ပွဲငယ်များယှဉ်ပြိုင်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မှာနောက်ဆုံး Final ပြိုင်ပွဲကြီးကို ယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့လည်း သိရှိရပါတယ် ။ ရှမ်းတိုင်းရင်းသူလေး နန်းမွေခမ်းကို အားပေးကြမှာလား ပရိတ်သတ်ကြီးရေ ...  

သတင်းအရင်းမြစ် Pyi Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။