မြန်မာတို့ရဲ့ လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၁၀၃ နှစ်ပြည့်မွေးနေ့လေးကတော့မကြာမီရောက်ရှိလာတော့ မှာပဲဖြစ်ပာတယ်။ ဗိုလ်ချုပ်ရဲ့ ရဲစွမ်းသတ္တိ ဇွဲလုံ့လ ဝရိယတွေဟာ ယနေ့ခေတ်လူငယ်တွေအတွက် လေးစားအတုယူစရာကောင်းလွန်းလှပါတယ်။ မိမိရဲ့အကျိုးကိုမတွက် တိုင်းပြည်ရဲ့အကျိုးကိုသာကြည့်ပြီး ကွယ်လွန်သည့်အချိန်ထိ တိုင်းပြည်အကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကို ပြည်သူပြည်သားတွေအားလုံး အမြဲအမှတ်ရ တမ်းတနေမယ်လို့ထင်ပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ သူတပါးနိုင်ငံရဲ့ကျွန်ဖြစ်နေတဲ့ မြန်မာနိုင်ငံကို လွပ်လပ်ရေးရရှိအောင် ကြိုးစားဆောင်ရွက်ပေးခဲ့တဲ့ ဗိုလ်ချုပ်၊ပြည်သူအားလုံး လေးစားချစ်ခင်ရတဲ့ဗိုလ်ချုပ် ၊ ဝမ်းနည်းစွာ ပြည်သူတွေအားလုံးနဲ့ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့မှာ သေကွဲ ကွဲခဲ့ရတဲ့ဗိုလ်ချုပ် ၊ ကွယ်လွန်သွားပေမယ့် ပြည်သူပြည်သားတွေရင်ထဲမှာ အမြဲကျန်ရစ်နေပြီး လွမ်းဆွတ်တမ်းတနေရတဲ့ဗိုလ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၃ နှစ်ပြည့်မွေးနေ့ဂုဏ်ပြုသမိုင်းမှတ်တမ်းဓာတ်ပုံပြပွဲနဲ့ ပန်းချီပြပွဲအခမ်းအနားကို မန္တလေးမှာ ကျင်းပပြုလုပ်ပေးမယ်လို့သိရပါတယ်။

ထိုပွဲကိုတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးအိမ်ရာ၊ အနုပညာလမ်းရှိ " သီရိ" အနုပညာပြခန်းမှာပြုလုပ်သွားမယ်လို့သိရပါတယ်။ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အား မြန်မာနိုင်ငံကလေးများနေ့အဖြင့် သတ်မှတ်ထားတာကြောင့် ကလေးငယ်များအတွက် ပျော်ပွဲ၊ရွှင်ပွဲ နှင့် စတုဒီသာကျွေးမွေးခြင်းများလည်းလုပ်ဆောင်သွားမယ်လို့သိရပါတယ်။ထိုပြပွဲမှာပါဝင်ပြသလိုတဲ့ ပန်းချီပညာရှင်တွေနဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံပေးပို့ပြသကြမည့်သူများအနေနဲ့လဲ ဖေဖော်ဝါရီလ ၈ရက်နေ့နောက်ဆုံးထားပြီး သီရီ အနုပညာပြခန်းသို့လာရောက်ပေးပို့နိုင်ကြောင်းသိရှိရပါတယ်။

source - နေ့စဉ်သတင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။