လူတစ်ကိုယ်စိတ်တစ်မျိုး မဟုတ်ပါလား ပရိတ်သတ်ကြီးတို့ရေ ... လူတိုင်းမှာ ကိုယ်စိတ်ဝင်စားရာ ကိုယ်အားသန်ရာတွေရှိကြတာမို့ ကျင်လည်ရာနယ်ပယ်ချင်းလဲ မတူညီကြပါဘူး ။ နယ်ပယ်တစ်ခုချင်းဆီအလိုက်ထင်ရှားသူတွေရှိကြတဲ့ ထဲမှာ အနုပညာရှင်တွေနဲ့ညီအကိုမောင်နှမတော်နေသူတွေလည်းရှိကြပါတယ် ။

ဘယ်မောင်နှမတွေက ဘယ်နယ်ပယ်တွေမှာကျော်ကြားသလဲ ဆိုတာ အောက်မှာကြည့်ကြရအောင်နော် ... 

ဘာဘူ နဲ့ သန္တာလှိုင်

ဘာဘူ ကတော့ Hip Hop ခေတ်ဦးရဲ့ အဆိုတော်တစ်ယောက်ဖြစ်ခဲ့ပြီး အားပေးတဲ့ ပရိတ်သတ်တွေ အခိုင်အမာနဲ့ ရပ်တည်ခဲ့သူပါ ။

သီချင်းဆိုရုံတင်မကဘဲ အတီးပိုင်းရော Music Producer တစ်ယောက်အဖြစ်ပါရပ်တည်ခဲ့သူဖြစ်ပါတယ် ။

သန္တာလှိုင်ကတော့ အားလုံးသိကြတဲ့အတိုင်း နာမည်ကျော် မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ပြီး ခုနောက်ပိုင်းမှာတော့ Body Trainer တစ်ယောက်အဖြစ်ရပ်တည်နေပြီး ကျော်ကြားသူတစ်ဦးလည်းဖြစ်ပါတယ် ။ 

သားစိုး နဲ့ မြေမှုန်လွင်

ရောသမမွှေစီးရီးနဲ့ ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့သူသားစိုးကတော့ မြန်မာတေးဂီတနဲ့ အနောက်တိုင်းတေးဂီတကိုရောစပ်ဖန်တီးတဲ့သီချင်းတွေနဲ့ အောင်မြင်ကျော်ကြားသူဖြစ်ပြီး မြေမှုန်လွင်ကတော့ စာရေးဆရာ တစ်ဦးအဖြစ်ရော ငါတို့စာပေ တိုက်ပိုင်ရှင် စာအုပ်ထုတ်ဝေသူ တစ်ဦးအဖြစ်ပါ စာပေနယ်ပယ်ထဲမှာထင်ရှားကျော်ကြားပါတယ် ။ မြေမှုန်လွင်ရဲ့ " ကျောက်စာကို ခဲဖျက်နှင့်ဖျက်၍မရ" ဆိုတဲ့ စာအုပ်ဟာ စတင်ထုတ်ဝေစဉ်မှာ အချိန်တိုအတွင်း ထုတ်သမျှစာအုပ်တွေအားလုံးပြတ်လပ်သည်အထိရောင်းရခဲ့ပါတယ် ။ ခုနောက်ပိုင်းထုတ်ဝေတဲ့ စာအုပ်တွေဟာလည်း စာပေချစ်သူတွေ အကြိုက်တွေ့တဲ့ စာအုပ်တွေဖြစ်ခဲ့ပါတယ် ။ 

ထွန်းအိန္ဒြာဗိုလ် နဲ့ ဒေါ်သက်သက်ခိုင်

ထွန်းအိန္ဒြာဗိုလ်ကိုတော့ ပရိတ်သတ်နဲ့ အထွေအထူးမိတ်ဆက်ပေးစရာမလိုတော့ပါဘူး ။ နာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့သူမဟာ အဆိုပိုငး်မှာရော သရုပ်ဆောင်ပိုင်းမှာပါ ပြောစရာမလိုအောင် ပါရမီပြည့်ဝသူပါ ။ သူမရဲ့ ညီမ ဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ကတော့ နာမည်ကျော် ရွှေနန်းတော် ရတနာဆိုင်တွေ ရဲ့ ပိုင်ရှင်တစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော်အမတ်လဲ ဖြစ်ပါတယ် ။

အကြည်တော် နဲ့ ဓိရာမိုရ်

အကြည်တော်ကတော့ ပရိတ်သတ်အချစ်တော် အောင်မြင်တဲ့ဟာသစာရေးဆရာတစ်ဦးဖြစ်ပြီး ဓိရာမိုရ်ကတော့ အနုပညာအလန်းစားတွေဖန်တီးတဲ့ ဂီတပညာရှင်တစ်ဦးအဖြစ် ထင်ရှားသူပါ ။

လွှမ်းပိုင် နဲ့ ကျော်ဆု

လူငယ်ပရိတ်သတ်တွေအခိုင်အမာနဲ့ အနုပညာရှင်တစ်ဦးကတော့ လွှမ်းပိုင်ပါ ။ သူက သီိချင်းတွေဆိုတဲ့ဘက်မှာအောင်မြင်သလို သူ့ အကိုဖြစ်တဲ့ ကျော်ဆုကလည်း

သရုပ်ဆောင်ပိုင်းဘက်မှာ ပရိတ်သတ်အများအပြားရရှိနေပါပြီ ။ MRTV 4 ကလွှင့်တဲ့ ဇာတ်လမ်းတွဲတွေမှာပါ၀င်သရုပ်ဆောင်ပြီး သူခေါင်းဆောင်ပါ၀င်ထားပြီး ခုလက်ရှိ MRTV 4 ကထုတ်လွှင့်နေတဲ့ ဥယျာဉ်မှုးဖြစ်ဖူးချင်သည် ဇာတ်လမ်းတွဲဟာလည်း လူကြိုက်များနေပါတယ် ။

သူတို့ကတော့ မောင်နှမတွေဖြစ်ပြီး မတူညီတဲ့ နယ်ပယ်တွေမှာအောင်မြင်နေကြသူတွေပါ ။ ဘယ်မောင်နှမကို သဘောကျလဲ ပြောသွားကြည့်ပါလား ပရိတ်သတ်ကြီးရေ ...

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။