ပရိသတ်အချစ်တော် တေးသံရှင်အာဇာနည်ကတော့ ထပ်ဆင့်ရာထူးတိုး သွားပြီးပဲ ဖြစ်ပါ တယ်။ဇန်နဝါရီလ(၁၀)ရက်နေ့ ဒီနေ့မှာတော့ ဇနီးဖြစ်သူဝမ်းဟာ ရန်ကုန်ပန်းလှိုင် ဆေးရုံ ကြီးမှာ ဒုတိယမြောက်ရင်သွေး ရတနာလေးကို ကျန်းကျန်းမာမာနဲ့ မွေးထုတ်ပေးလိုက် တာပဲဖြစ်ပါတယ်။အာဇာနည်ဟာ သားဦးလေးဖြစ်တဲ့ ဖစ်ဖစ်တုန်လေး ကိုလည်း ချစ်နေရ သလို နောက်ထပ်အချစ်တွေတိုး ရအုန်းမယ့် ဒုတိယမြောက်သားလေး ကိုပိုင်ဆိုင်လိုက် တာကြောင့်အရမ်းကို ပျော်ရွှင်နေပုံရပါတယ်။ 

အာဇာနည်တို့ ပျော်စရာမိသားစုဘဝလေးထဲ လက်တလော ပူပူနွေးနွေးဝင်ရောက်လာခဲ့ ချစ်စဖွယ်သားလေးကို ဒီနေ့ညမှာပဲ နာမည်လေးမှည့်လိုက် တယ်လို့သိရပါတယ်။သားဦးလေး ဖစ်ဖစ်တုန်ရဲ့ နာမည်လေးနဲ့ ဆင်တူလေးဖြစ်သွားအောင် သားငယ်လေးရဲ့နာမည်ကိုတော့ ချစ်ချစ်တုန်လို့ မှည့်လိုက်တာပဲဖြစ်ပါတယ်။နာမည်လေးနဲ့လိုက်အောင်တုန်နေအောင်ချစ်နေတဲ့ ဖေဖေအာဇာနည်ရဲ့ ပီတီအပြုံးလေးတွေကတော့တကယ်ကိုကြည်နူးစရာကောင်းလှပါတယ်။

အာဇာနည်ရဲ့လူမှုကွန်ယက်မှာလည်း သားလေးရဲ့နာမည်ကို ချစ်ချစ်တုန်လို့ မှည့်လိုက်တဲ့ အကြောင်း ပရိသတ်တွေကို အသိပေးရေးသားခဲ့ တာပဲဖြစ်ပါတယ်။သူတို့ရဲ့မိသားစုလေးထဲ ကျန်းကျန်းမာမာနဲ့ ဝင်ရောက်လာနိုင်အောင် မွေးဖွားပေးခဲ့တဲ့ပန်းလှိုင်ဆေးရုံကြီးမှ ဆရာဆရာမတွေအားလုံးကိုလည်း ကျေးဇူးတင် စကားလေးဆိုထားပါသေးတယ်။ပရိသတ်တွေ လက်ရှိချစ်နေရတဲ့ အာဇာနည်ရဲ့သားကြီး ဖစ်ဖစ်တုန်လေးဟာလည်း အကိုကြီးတစ်ယောက်ဖြစ်သွားတာကြောင့် အရမ်းကိုပျော်ရွှင်နေပြီး ညီငယ်လေးရဲ့နာမည်ကို ပရိသတ်တွေဆီကိုယ်တိုင်Vedioလေးရိုက်ကာ မိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ကြည်နူးဖွယ်ကောင်းလှတဲ့ အာဇာနည်တို့မိသားစုပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ အတွက် မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - အာဇာနည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။