ဒရုန်းဟာဒီနေ့ခေတ်လူငယ်တွေကြားမှာခေတ်စားလာတဲ့

အသုံးအဆောင်တစ်ခုပါ။ခရီးလှလှလေးထွက်ရင်ဒရုန်းရိုက်

ချက်တွေနဲ့ရိုက်ရတာတကယ့်ကိုအမိုက်စားပါပဲ။ဓာတ်ပုံ၊

ဗီဒီယိုလုပ်ငန်းတွေမှာလည်းဒရုန်းအသုံးပြုမှုတွေပိုမိုများ

ပြားလာပါတယ်။ဒရုန်းအသုံးပြုမှုတွေများလာသလိုတလွဲသုံး

မှုတွေရှိနေတာကြောင့်နိုင်ငံတစ်ချို့မှာဒရုန်းမပျံသန်းရနယ်မြေ

တွေသတ်မှတ်ထားကြပါတယ်။ဒရုန်းကိုထိန်းချုပ်ဖို့ကြိုးစားကြတဲ့နိုင်ငံတွေမှာထိုင်းနိုင်ငံကတော့ထူးထူးခြားခြားပါ။

ထိုင်းနိုင်ငံမှာ မောင်းသူမဲ့ဒရုန်းယာဉ်အသုံးပြုသူတွေကို

မနေ့ကနောက်ဆုံးထားပြီးမှတ်ပုံတင်ဖို့သတိပေးထားပါတယ်။ ဒရုန်းတွေကို မှတ်ပုံမတင်ခဲ့ရင် ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ အမေရိကန်ဒေါ်လာ ၃၀၀၀ ဒဏ်ကြေးဖြစ်စေ ပေးဆောင်ရမယ်လို့ နိုင်ငံတော် ရုပ်မြင်သံကြားနဲ့ အသံလွှင့်ဆက်သွယ်ရေးဌာန (NBTC) အရာရှိတွေက ပြော

ပြပါတယ်။အရုပ်ဒရုန်းကလွဲလို့  လေထဲမှာပျံသန်းနိုင်တဲ့ ဘယ်လိုဒရုန်းယာဉ်မျိုးမဆို မှတ်ပုံတင်ရမှာဖြစ်ပြီး

ထိုင်းနိုင်ငံမှာဒရုန်းတွေကိုမှတ်ပုံတင်သူတွေမနေ့အထူး

များပြားနေတယ်လို့သိရပါတယ်။

မှတ်ပုံတင်ထားသူတွေဟာဒီအဆင့်နဲ့ပဲရပ်သွားမှာတော့

မဟုတ်ပါဘူး။မှတ်ပုံတင်ပြီးရင်ဒရုန်းတွေကိုပြည်သူ့ဒရုန်းတွေကိုပြည်သူ့ဒရုန်းတွေကိုပြည်သူ့ဒရုန်းတွေကိုပြည်သူ့

လေကြောင်းဌာနမှာဆက်လက်မှတ်ပုံတင်ရမှာပါ။ထိုင်းနိုင်ငံရဲ့

ဒရုန်းဥပဒေဟာနိုင်ငံခြားသားကမ္ဘာ့လှည့်ခရီးသည်တွေကို

ပါသက်ရောက်မှာပါ။ထိုင်းနိုင်ငံဟာနှစ်စဉ်ကမ္ဘာ့လှည်ခရီးသည်

သုံးဆယ့်ငါးသန်းခန့်လာရောက်နေတဲ့နိုင်ငံတစ်ခုပါ။ဒီဥပဒေကြောင့်ထိုင်းနိုင်ငံကိုလာတဲ့ခရီးသည်တွေကိုတော့လျော့နည်းသွားမယ်လို့တော့မထင်ပါဘူး။ထိုင်းနိုင်ငံမှာလောလောဆယ်ဒရုန်းတွေကိုလာမှတ်ပုံတင်တဲ့သူရှစ်ထောင်ကျော်ရှိနေပြှလို့ဆိုပါတယ်။

Source -RFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။