"ပေါက်တဲ့အိုး" ဆိုတဲ့ တေးအယ်လ်ဘမ်နဲ့ နိုင်ငံတဝှမ်းက ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ တေးသံရှင် အေသင်ချိုဆွေကတော့ ပရိသတ်ဆီ တကျော့ပြန်လာတော့ပါမယ်တဲ့ ပရိသတ်ကြီးရေ။ "လမ်းမခွဲကြေး" "လေပြေ" "အစာသွပ် စကား" စတဲ့ သီချင်းတွေအပြင် "တင်းတယ် တင်းတယ်" စတဲ့ သင်္ကြန်သီချင်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ အေသင်ချိုဆွေ ဟာ ပရိသတ်နဲ့ ကင်းကွာနေခဲ့တဲ့ အတော်ကြာလို့နေပါပြီ။ 

တေးဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း နေရာတစ်နေရာ ရရှိခဲ့တဲ့ သူမဟာ နောက်ပိုင်းမှာ ခန္ဓာကိုယ် ဝိတ်တက်လာခဲ့တဲ့အတွက် အနုပညာအလုပ်တွေကို ရပ်နားထားတာဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။ Body နဲ့ပတ်သတ်ပြီး Body shaming တွေလုပ်ခံခဲ့ရပြီး စိတ်ဓာတ်ကျခဲ့တာတွေလည်း ဖြစ်ခဲ့တယ်ဆိုပြီး စိတ်အတက်အကျမြန်တဲ့ သူမရဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ အေသင်ကတော့ ၂၀၁၈ ထဲမှာ အကောင်းဆုံး ပြင်ဆင်ပြီး ပရိသတ်ဆီပြန်လာတော့မယ်လို့ ဆိုပါတယ်။ ကိုယ်ခန္ဓာဝိတ်ပြန်ထိန်းပြီး သီချင်းအသစ်တွေလည်း မကြာခင်ထွက်ရှိဖို့ စီစဉ်ထားကြောင်းကိုလည်း သူမကဖြေဆိုခဲ့ပါတယ်။ သူမ အခုလို ပရိသတ်တွေကို ပြစ်ထားခဲ့သလိုဖြစ်တာကိုလည်း တောင်းပန်ခဲ့သလို ယနေ့အချိန်ထိ သူမကို အားပေးနေကြတဲ့ Loyalty ပရိသတ်တွေကိုလည်း သူမက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ဆိုပြီး ပြောကြားထားပါတယ်။ 

Source: Myanmar Cele 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။