သာကေတမြို့နယ်၊ ၁၀/မြောက်စျေးအနီးတွင် စျေးသည်ချင်းစကားများရာမှခိုက်ရန်ဖြစ်ပွားသဖြင့် ရဲတပ်ဖွဲ့မှ ထိန်းသိမ်း၍ ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်ခဲ့ရာ ပြစ်ဒဏ်ချမှတ်ပြီး ကျန်ရှိသည့်အမှုများကိုလည်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁

၁.၁၂.၂၀၁၆ ရက်နေ့ ၀၇၀၀ အချိန်တွင် သာကေတမြို့နယ်၊ ၁၀/မြောက်

ရပ်ကွက်၊ ၁၀/မြောက်စျေးအနီးကပ်လျက် ရတနာပုံလမ်းမကြီးနှင့် ရတနာပုံ

(၁)လမ်းထောင့်ရှိ အခန်းအမှတ်(၀၀၄)မြေညီထပ်တွင် ဖွင့်လှစ်ထားသော

ရွှေမိသားစုကုန်စုံဆိုင်ရှေ့တွင် ကုန်စိမ်းရောင်ချနေသော မဝင်းမဝင်းမော်

အား ကုန်စုံဆိုင်ပိုင်ရှင် လှစိုး(ခ)ဒိုးလေးက ဆိုင်ရှေ့တွင် စျေးရောင်းချခြင်း

မပြုရန်ပြောဆိုရာမှ စကားများပြီး မဝင်းဝင်းမော်၊ မအေးအေးသန်းတို့၏

ဟင်းသီးဟင်းရွက်များနှင့် စျေးရောင်းသည့်သစ်သားခုံတို့အား လှစိုး(ခ)

ဒိုးလေးမှဖျက်ဆီးခဲ့သဖြင့် စျေးအနီးရှိ လူ ၄၅ ဦးခန့် စုဝေးရောက်ရှိလာခဲ့ရာ

သာကေတမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ဖြေရှင်းထိန်းသိမ်း

ပေးခဲ့သဖြင့် ပြေလည်မှုရရှိကာ အေးချမ်းစွာရောင်းချလျက်ရှိကြောင်းသိရှိ

ရပါသည်။

၀၉၃၀ အချိန်ခန့်တွင် အမှတ်(၉)ရပ်ကွက်၊ နဝရတ်လမ်းရှိ လှစိုး(ခ)ဒိုးလေး

၏ညီမဖြစ်သူ မခင်ခင်ထွေး၏ကုန်စုံဆိုင်သို့ လူ ၂၀ ဦးခန့်ရောက်လာပြီး

ကုန်စုံဆိုင်ရှေ့ရှိ ပလပ်စတစ်ကုလားထိုင်များနှင့် စားပွဲများကို ရိုက်ချိုးဖျက်ဆီး

သွားခဲ့ကြောင်းသတင်းရရှိသဖြင့် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ သာကေတ

မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်

အဖွဲ့တို့မှ အခင်းဖြစ်ပွားသည့်နေရာသို့ရောက်ရှိလာပြီး လုံခြုံရေးဆောင်ရွက်

ပေးခဲ့သဖြင့် အေးချမ်းလျက်ရှိကြောင်း သိရှိရပါသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ သာကေတနယ်မြေရဲစခန်းတွင် လှစိုး(ခ)

ဒိုးလေးအား(ပ)၁၃၀၂/၂၀၁၆၊ ရန်ကုန်ရဲအက် ၃၀(က)ဖြင့်အမှုဖွင့်ခဲ့ပြီး

သာကေတမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ထောင်ဒဏ် (၃)လ

ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ လှစိုး(ခ)ဒိုးလေးနှင့် အတူပါဝင်သူ ကျော်နိုင်သိန်း

တို့အား(ပ)၁၃၀၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၅၄/၂၉၄/၃၂၃/၄၂၇/၁၁၄

ဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် မခင်ခင်ထွေး၏

ကုန်စုံဆိုင်ရှိပစ္စည်းများအား ဖျက်ဆီးသွားသူများကိုလည်း သာကေတနယ်မြေ

ရဲစခန်း(ပ)၁၃၀၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၁၄၇/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်

အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။