တောင်ကိုရီးယားနိုင်ငံရဲ့ ပရိသတ်အချစ်တော် မင်းသားချော Gong Yoo ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မင်းသမီး Jung Yoo Mi နဲ့ လက်ထပ်တော့မယ်ဆိုတဲ့ ကောလဟာသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်..။

ဇန်နဝါရီ (၉)မှာတော့ Gong Yoo နဲ့ Jung Yoo Mi တို့ရဲ့ အေဂျင်စီဖြစ်တဲ့ Soop အင်တာတိန်းမတ်က သူတို့ရဲ့ ကောလဟာလ မင်္ဂလာသတင်းအမှားနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် အင်စတာဂရမ်အကောက်မှာ ပို့စ်တစ်ခု ရေးသားခဲ့ပါတယ်..။

သူတို့နှစ်ဦးရဲ့ မင်္ဂလာသတင်းအမှားကို ရေးသားပြောဆိုတဲ့ သူနဲ့ ပတ်သက်ပြီး “မကြာခင်မှာပဲ မျက်နှာချင်းဆိုင် တွေ့ကြတာပေါ့..” ဆိုပြီး တရားဥပဒေအရ အရေးယူသွားမယ့်အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်

အဲ့ဒီ ပို့စ်ရဲ့ အောက်မှာတော့ ကောလဟာလသတင်းအမှားတွေနဲ့ ပတ်သက်ပြီး မင်းသမီး Gong Hyo Jin ကလည်း ဟာသလေးနဲ့ Comment ပေးရေးသားထားတာ တွေ့ရပါတယ်..။

မင်းသမီး Gong Hyo Jin ကတော့ Gong Yoo နဲ့ Jung Yoo Mi တို့နှစ်ယောက်လုံးနဲ့ အရမ်းကို ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေပဲ ဖြစ်ပါတယ်..။

မင်းသမီး Gong Hyo Jin ကလည်း သူတို့ရဲ့ မင်္ဂလာသတင်းအမှားကို ကြားသိပြီးချင်းမှာတော့ သူမအနေနဲ့ အရမ်းကို အံ့အားသင့်ခဲ့ရပြီး ဟာသလေးနဲ့ တုန့်ပြန်ပြောကြားလိုက်ပါတယ်..။

“ဒီသတင်းကို ကြားသိပြီးပြီးချင်းမှာပဲ ကျွန်မအရမ်းကို အံ့အားသင့်ခဲ့ရတယ်.. ဘာလို့ ကျွန်မနဲ့ကျတော့ တွဲနေတဲ့ သတင်းလေးတောင် မထွက်ရတာလဲ..။

အဲ့လို သတင်းလေးတောင် မထွက်တဲ့အတွက် အရမ်းစိတ်ဆိုးတယ်.. ကျွန်မတို့နှစ်ယောက်ကိုကျတော့ အမြဲတမ်း Gong မောင်နှမတွေလို့ပဲ ခေါ်ကြတယ်..” ဆိုပြီး ဟာသလေးအဖြစ်နဲ့ ရေးသားထားပါသေးတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Gong Yoo နဲ့ Jung Yoo Mi တို့ရဲ့ အေဂျင်စီက သူတို့ရဲ့ မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီးတော့ မင်္ဂလာသတင်းတွေဟာ ကောလဟာလ သတင်းအမှားတွေသာ ဖြစ်ကြောင်း တရားဝင်ထုတ်ပြန် ငြင်းဆိုထားပါတယ်..။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။