ပရိသတ်တွေရဲ့ အချစ်တော် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ထိုင်းမင်းသားလေး Mario Maurer ဟာ ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်..။

မင်းသား Mario ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့သတင်းဟာ လူမှုကွန်ယက် ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နှံ့သွားပြီး ပရိသတ်တွေတော်များများကလည်း စိုးရိမ်နေခဲ့ကြပါတယ်..။

မော်လ်ဒယ် သရုပ်ဆောင် မင်းသားချောလေး Mario ကတော့ ထိုင်းနိုင်ငံသာမှာသာမက အာရှနိုင်ငံနဲ့ နိုင်ငံတော်တော်များများမှာပါ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်..။

ယာဉ်တိုက်မှုကတော့ တက္ကစီကားတစ်စီးနဲ့ Mario ရဲ့ ကားဟာ ထိုင်းနိုင်ငံ Phaya လမ်းပေါ်မှာ တိုက်မိပြီး ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်..။

ယာဉ်တိုက်မှုကြောင့် Mario ရဲ့ ကားရှေ့မှန်ဟာ ကွဲသွားခဲ့ပြီး စိတ်တိုနေတဲ့ တက္ကစီယာဉ်မောင်းက Mario ရဲ့ ကားရှေ့မှန်ကို ခွဲပြီး ဖျက်စီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်..။

ယာဉ်တိုက်မှုဟာ အသေးစားယာဉ်မတော်တဆမှု ဖြစ်တာကြောင့့် မင်းသား Mario ကတော့ ထိခိုက်ဒဏ်ရာ ရခဲ့ခြင်းတော့ မရှိဘူးလို့ သိရပါတယ်..။

အဆိုပါ ယာဉ်တိုက်မှုအတွက် မင်းသား Mario နဲ့ တက္ကစီယာဉ်မောင်း တို့နှစ်ဦးလုံးဟာ ညှိနှိုင်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ရဲစခန်းကိုရောက်ရှိနေတယ်လို့ သိရပါတယ်..။

မင်းသားချောလေး Mario ကတော့ အနုပညာလောကမှ အောင်မြင်နေတဲ့ မော်လ်ဒယ် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင် စီးပွားရေးလောကမှာလည်း အောင်မြင်နေတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေပြီး အဓိက ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ “Pee Mak” ရုပ်ရှင်ဇာတ်ကားဟာလည်း ထိုင်းနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်..။

Source – Dara Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။