မြန်မာဇာတ်သဘင်လောကမှာ ပြိုင်စံရှားသူတစ်ဦးဖြစ်တဲ့ မြို့ရွှေမန်းသား ဖိုးချစ်ကို ပရိသတ်များ ချစ်ကြမယ်ထင်ပါတယ်။ ဇာတ်သဘင်လောကမှာတင်မက အနုပညာလောကနဲ့ မြန်မာ့ဘောလုံးလောကမှာလည်း စိတ်ပါဝင်စားစွာ အမြဲ ပါဝင်လှုပ်ရှားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ မကြာသေးမီက စစ်ကိုင်း ယူနိုက်တက် အသင်းကို ကိုယ်ပိုင်တည်ထောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

အဆိုပါ မြို့ရွှေမန်းသားဖိုးချစ်တည်ထောင်ခဲ့သော စစ်ကိုင်း ယူနိုက်တက် ဘောလုံးအသင်းအသစ် ဖွင့်ပွဲအခမ်းအနား ကို အဆိုတော် နိုင်းဝမ်း၊ ဝေလျှံနဲ့ ဒီဖြိုးတို့က သွားရောက်ဖျော်ဖြေမှာဖြစ်ပါတယ်။ နိုင်းဝမ်း၏ အကောင့်တွင့်လည်း "မြို့ရွှေမန်းသား ဖိုးချစ် တည်ထောင်တဲ့ စစ်ကိုင်းတိုင်းကိုယ်စားပြု " စစ်ကိုင်း ယူနိုက်တက်" ဘောလုံးအသင်းအသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်ရန်ဖျော်ဖြေရန်အတွက် အသင်းပိုင်ရှင်ဘောဇိနဲ့အတူ မန္တလေးလေဆိပ်မှ မုံရွာမြို့ သို့ချီတက်လာပါပြီ... ဒီနေ့ နေ့လည် မုံရွာဘောလုံးကွင်းမှာ စစ်ကိုင်းတစ်တိုင်းလုံးကချစ်ပရိတ်သတ်တွေနဲ့တွေ့မယ်ဗျာ" ဟူ၍ ပရိသတ်များကို မျှဝေထားပါတယ်။ 

ချစ်ပရိသတ်ကြီးရဲ့ အသည်းစွဲဖြစ်တဲ့ အဆိုတော်များနဲ့အတူ တေးသီချင်းကောင်းများကို သီဆိုဖျော်ဖြေသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ပရိသတ်များအတွက် စစ်ကိုင်း ယူနိုက်တက်အသင်းပိုင်ရှင် မြို့ရွှေမန်းသား ဖိုးချစ်ရဲ့ ဘောလုံးကွင်း ဖွင့်ပွဲ အကြောင်း ပရိသတ်ကြီးကို မျှဝေပေးလိုက်ပါတယ်။

Source - Kyaw Zin Latt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။