ယမန်နေ့ ဇန်နဝါရီလ ၁၀ရက်နေ့ တွင် မင်္ဂလာဒုံမြို့နယ်တွင် ကားတိုက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဆိုပါဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ အမှတ်၃လမ်းမ ပုလဲအိမ်ရာအိမ်ယာမှတ်တိုင်တွင် ကား၄စီးဆင့်တိုက်မှုဖြစ်ပွာခဲ့တာဖြစ်ပါတယ်။ ဖြစ်ပွားသည့်အချိန်ကတော့ မနက် ၆ နာရီလို့သိရပါတယ်။

ကားတိုက်မှုစတင်ပုံမှာ ရှေ့ဆုံးမှမောင်းနှင်လာသော ကုန်ကားရှေ့တွင် ကားတစ်စီးသည် အမှတ်မထင်ဖြတ်ကွေ့သဖြင့် ကုန်ကားကြီးက ဘရိတ်နင်းလိုက်ရာ နောက်မှပါလာသော ကားသုံးစီးနှင့်အတူ ကားလေးစီးဆင့်တိုက်ခဲ့တာဖြစ်ပါတယ်။ကားတိုက်ကြောင့် Bongo ကားပေါ်မှ ယဉ်မောင်းမှာ ညပ်နေသဖြင့် ပုလဲမြို့သစ် အရန်မီးသတ်မီးသတ်တပ်ဖွဲ့ နှင့် တာဝန်သိပြည်သူတချို့ကဝိုင်းဝန်းဆွဲထုတ်ကူညီပေးခဲ့တယ်လို့သိရပါတယ်။

သို့သော်လည်းကားတိုက်မှုကအရှိန်ပြင်းထန်လှတဲ့အတွက် ကားချိုင့်သံပိုက်လုံးတို့နဲ့ ထုတ်လို့မရဖြစ်ခဲ့ပြီး ဘေးမှဖြတ်သွားသော ကရိန်းကားတစ်စီးကိုအကူအညီတောင်းကာ ဆွဲထုတ်ခဲ့ရတယ်လို့သိရပါတယ်။ ထိုကားသမားကတော့ အသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့် ဘယ်ဘက်ခြေသလုံးကျိုးကာ ခြေကျင်းဝတ်လည်သွားခဲ့သဖြင့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ အချိန်မီဆေးရုံသို့ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

source - htin lin aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။