အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားသူတစ်ဦးလည်းဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ပြည်ပခရီးတစ်ခု ထွက်ရှိနေတယ်လို့ သိရပါတယ်။ အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲစာရင်းဝင်တစ်ဦးဖြစ်ပြီး အကယ်ဒမီဆုနှစ်ဆု ရရှိထားတဲ့သူမဟာ ကောလဟာလတွေနဲ့အတူ ဝေဖန်ခံရတဲ့ မင်းသမီးတွေထဲမှာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ သူမကိုချစ်စနိုးနဲ့ ရွှေကစ်လို့ ခေါ်ကြပြီး လက်ရှိမှာတော့ ရွှေကစ်တစ်ယောက် ပဲရစ်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ အီတလီတစ်ခွင်မှာ ရိုက်ကူးထားတဲ့ အလှဓာတ်ပုံလေးတွေကိုတော့ သူမရဲ့ Instagram မှတဆင့် ပရိသတ်တွေဆီကို မျှဝေလို့ထားပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ သူမကို လွမ်းနေကြတယ်ဆိုပြီး ဓာတ်ပုံတွေအောက်မှာ comment တွေ ဝင်ရောက်ရေးသားထားကြတာ တွေ့ရပါတယ်။ 

လတ်တလောမှာတော့ ဝတ်မှုန်ရွှေရည်ဟာ အနုပညာလှုပ်ရှားမှုတွေလည်း ဆက်တိုက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ယခုနှစ် ၂၀၁၈ မှာတော့ သူမရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ "လရောင်ဖြာတဲ့ အင်းလေးမှာ" ဆိုတဲ့ ဇာတ်ကားကြီးကို ရုံတင်ပြသလျက်ရှိပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အထူးရရှိထားပါတယ်။

Source: Wut Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။