သရုပ်ဆောင် လူမင်းကတော့ အနုပညာ လမ်း ကြောင်းပေါ်မှာ ပရိသတ်အားပေး မှုအခိုင်အမာ ရရှိထား သူတစ်ယောက်ဖြစ် သလိုရုပ်ရှင်အစည်း အရုံး ဥက္ကဌဟောင်း တစ်ယောက်အဖြစ် တာဝန် ယူခဲ့ဖူးသူလည်းဖြစ်ပါတယ်။သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ပရိသတ် တွေအတွက် ဆန်းသစ်တဲ့အနုပညာ တွေကိုတင် ဆက်နိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဇနီးသည် ခင်စံပယ်ဦးရဲ့ မိခင်ဖြစ်သူကျန်းမာရေး အခြေအနေ ကြောင့် စိတ်ပူပန်စရာလေးတွေရှိနေတယ်လို့ သိရပါတယ်။ 

ဇနီးသည် ခင်စံပယ်ဦးရဲ့ မိခင်ဖြစ်သူဟာ ပင်မအာရုံကြောမကြီး အကြောညှပ်နေလို့ ခွဲစိတ်ကုသမှု ခံယူခဲ့ ရတာပဲ ဖြစ်ပါတယ်။ထိုင်းနိုင်ငံ ဘန်ကောက် မှာရှိတဲ့ Bumrungrad International ဆေးရုံးကြီးမှာ မနေ့က ခွဲစိတ်မှုခံယူခဲ့ရတာပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှု  အစစအရာရာ အောင်မြင်ခဲ့ပြီး လက်ရှိ မှာတော့ အနားယူမှုတွေ ပြုလုပ် နေရ တယ်လို့ သိရပါတယ်။ 

ခင်စံပယ်ဦးနဲ့အတူ လူမင်းတို့မိသားစုလေး ဟာလည်း ခွဲစိတ်ထားတဲ့ မိခင်ကြီးရဲ့ အနားမှာဂရုတစိုက် စောင့်ရှောက်နေ ကြတာပဲဖြစ်ပါတယ်။ လူမင်းရဲ့ လူမှုကွန်ယက်မှာလည်း ဇနီးသည် ခင်စံပယ်ဦးရဲ့ မိခင်ဖြစ်သူခွဲစိတ် ကုသမှုခံယူခဲ့ရကြောင်းနဲ့ စိတ်ပူပေးကြတဲ့ အသိမိတ် ဆွေ တွေအားလုံးကိုလည်း ကျေးဇူးတင် စကား လေး ဆိုထားပါသေးတယ်။ပရိသတ်အချစ်တော် လူမင်းရဲ့ ယောက်ခမဖြစ်သူမိခင်ကြီး အမြန်ဆုံး ကျန်းမာရေးပြန် လည်ကောင်းမွန် လာနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ကြပါအုန်းနော်။

သတင်းအရင်းအမြစ် - လူမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။