ကိုယ်ဝန် ၃ လခန့်ရှိသော အမျိုးသမီးတစ်ဦးသည် သူ၏ ရင်သွေးငယ်တစ်ဦးနှင့်အတူ တောင်အာဖရိကဒေသတစ်ခုတွင် ကားကြုံစီးလာရာ လမ်းတစ်နေရာရောက်သော် ကားမောင်းလာသူနှင့် သူ၏အဖော်တစ်ဦးတို့က သူ့အား သေနတ်ဖြင့်ချိန်၍ သူတို့၏ ကားကို လမ်းဘေး ချုံများအတွင်းသို့ မောင်းဝင်သွားခဲ့သည်။ အသက် ၅ နှစ်အရွယ် ရင်သွေးရှေ့မှောက်တွင် မုဒိမ်းကျင့်ခံရသူ အမျိုးသမီးတစ်ဦးက သူ့အား မုဒိမ်းကျင့်သူ၏ ယောက်ျားအင်္ဂါကို ပါးစပ်ဖြင့် ကိုက်ဖြတ်၍ တိုက်ခိုက်အနိုင်ယူခဲ့ကြောင်းသိရသည်။ 

"အဲဒီ၂ယောက်ထဲက တစ်ယောက်က ကလေးရှေ့မှာပဲ အမျိုးသမီးကို ဓားနဲ့ထောက်ပြီး အတင်း မုဒိမ်းကျင့်တာပါ"ဟု ဒေသခံ ရဲစခန်းမှ ရဲအရာရှိကပြောသည်။ "အဲဒီလို မုဒိမ်းကျင့်နေတုန်းမှာ အမျိုးသမီးက မုဒိမ်းကောင်ရဲ့ ယောက်ျားအင်္ဂါကို ကိုက်လိုက်တာကြောင့် မုဒိမ်းကောင်ထွက်ပြေးရတော့တယ်"ဟုလည်း သူကပြောပါသေးသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့က ယင်းဒေသရှိ ဆေးရုံဆေးခန်းများအား ယောကျ်ားအင်္ဂါ ဒဏ်ရာရသဖြင့် ကုသရန်လာသူ အမျိုးသားများ ရှိလာပါက ရဲတပ်ဖွဲ့သို့ အမြန်ဆုံး အကြောင်းကြားကြပါရန် သတိပေး နှိုးဆော်ထားသည်။ဒဏ်ရာမှာ ပြင်းထန်လောက်ပြီး မူလအတိုင်း ပြန်မဖြစ်နိုင်တော့ဟု ခန့်မှန်းကြသည်။တောင်အာဖရိကတွင် နေ့စဉ် မုဒိမ်းမှု ၁၀၀ ထက်မနည်းဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့အစီရင်ခံစာများအရ သိရသည်။

Source : Pyimyanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။