အနုပညာလောကမှာ အောင်မြင်နေသူတွေ ထဲကတစ်ဦးဖြစ်တဲ့ ကျော်ကျော်ဗိုလ်ကို ပရိသတ်များ ချစ်နေသေးမယ် ထင်ပါတယ်။ မတူညီတဲ့ ပုံစံမျိုးနဲ့ ပရိသတ်အချစ်ကို ရရှိထားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီကနေ့ဟာ ကျော်ကျော်ဗိုလ်၏ ဖခင်ဖြစ်သူ ဦးဝင်းဗိုလ် ကွယ်လွန်ခဲ့တာ နှစ် နှစ်ပြည့်လည်း ဖြစ်ပါတယ်။ 

ကျော်ကျော်ဗိုလ်ကတော့ ဒီကနေ့ဟာ သူ့ရဲ့ ပျော်ရွှင်ရမည့် နေ့ဖြစ်သလို့ ဝမ်းနည်းစရာနေ့တစ်နေ့လည်းဖြစ်ပါတယ်။ ဒီကနေ့ဟာ ချစ်သူငယ်ချင်းဖြစ်သူ အဆိုတော် ရဲလေးရဲ့မွေးနေ့လေးလည်းဖြစ်ပါတယ်။ သူငယ်ချင်းအတွက် မွေးနေ့အပျော်ရှိရပေမယ့် ဖခင်ဖြစ်သူရဲ့နှစ်နှစ်ပြည့် နေ့တစ်နေ့လည်းဖြစ်နေတာဖြစ်ပါတယ်။ လက်ရှိရွှေမန်းသဘင်ကို ဦးစည်းနေသော တင်မောင်ဆန်းဝင်းကလည်း ဦးလေးဖြစ်သူအတွက် " ဘဘဦးဝင်းဗိုလ် ကွယ်လွန်ခဲ့တာ ၁၁-၁-၂၀၁၈မှာ ၂ နှစ်ပြည့်သွားပါပြီ၊ ဘဘဦးဝင်းဗိုလ်ကိုသတိရလွမ်းဆွတ်လျက်ပါ၊ ဘဘဦးဝင်းဗိုလ် ရေ ကောင်းရာဘုံကိုရောက်ပါစေ"ဟူ၍ ဆုတောင်းစကားပါထားပါတယ်။

ကျော်ကျော်ဗိုလ်ကလည်း သူ့ရဲ့ အကောင့်တွင် ဖခင်ဖြစ်သူနဲပ ပတ်သတ်ပြီး "ဖေဖေ ကျွန်တော်ကို စိတ်ချသွားခဲ့တာ (၂) နှစ်ပြည့် ပြီခင်ဗျ" ဟူ၍ လွမ်းဆွတ်စွာတင်ထားခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ဒီကနေ့မှာ ကျရောက်တဲ့ သရုပ်ဆောင်ကျော်ကျော်ဗိုလ်ရဲ့ ဖခင်ဖြစ်သူ ဦးဝင်းဗိုလ် နှစ်နှစ်ပြည့် အကြောင်းမဆက်ပေးလိုက်ပါတယ်။

Source - Kyaw Kyaw Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။