နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဆုအိမ့်စံတစ်ယောက် Spaghetti (စပါကတီခေါက် ဆွဲ) စားနေတဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်ထားပါတယ်။ အနီရောင်ကိုယ်ကျပ် အင်္ကျ ီလေးကို ချစ်စဖွယ်ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံစံလေးက ဆွဲဆောင်မှုအပြည့်နဲ့ အရမ်း ကိုကြည့်ကောင်းနေပါတယ်။ သူမဟာ အောင်မြင်စပြုနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိမှာလဲ ဇာတ်ကားတွေ ရိုက်ကူးနေတာဖြစ်ပါတယ်။ သူမရဲ့ချစ်သူဟာဆိုရင် စိန်ဘယ က်ဆေးတိုက်ရဲ့မျိုးဆက်သစ်လေး ဖြစ်တဲ့ သူရိယပဲဖြစ်ပါတယ်။ နှစ်ယောက်သားက အပြန် အလှန်အရမ်းကိုချစ်ကြတာကြောင့် ပရိတ်သတ်အားကျရတဲ့စုံတွဲလေးတစ်တွဲပါပဲ။

နှစ်ယောက်အတူတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးထားပြီး ပရိတ်သတ်တွေကလည်း တခဲနက်အားပေး ခဲ့ကြပါတယ်။ နှစ်ဦးသားရဲ့ပုံရိပ်လေးတွေက အရမ်းကိုလိုက်ဖက်ပြီး ချစ်စရာကောင်းလွန်းပါတယ် ပရိတ်သတ်ကြီးရေ။ သူမတို့နှစ်ယောက်ရဲ့ ချစ်သက်တမ်းဟာ လည်း ယခုဆိုရင် တစ်နှစ်ကျော်ကာလကိုတိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးက အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုကိုယ်စီ ပရိတ်သတ်ကိုယ်စီနဲ့ အားပေးမှု အပြည့်အဝရရှိနေတဲ့ အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။ ဆုအိမ့်စံရဲ့ ချစ်စရာကောင်းတဲ့ပုံစံ လေးတွေက ပရိတ်သတ်တွေရဲ့အချစ်ကို ပိုမိုတိုးစေပါတယ်။

စပါကတီခေါက်ဆွဲစားနေတဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေက ပရိတ်သတ်တွေရဲ့အချစ်ကို ပိုမိုဆွဲဆောင်လိုက်သလိုပါပဲ။ အနီရောင်အင်္ကျ ီကိုယ်ကျပ်လေးကိုမှ ဂျင်းဘောင်းဘီလေးနဲ့ ချစ်စဖွယ်တွဲဖက်ဝတ်ဆင်ထားတဲ့ပုံရိပ်လေးကို သူမရဲ့ Facebook မှာ ဘယ်သူ spaghetti စားမလဲ ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ အရုပ်မလေးလို အမြဲတမ်းချစ်စရာကောင်းနေတဲ့ သူမရဲ့ချစ်စဖွယ် ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo – Hsu Eaint San’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။