အမျိုးသားဇာတ်ပို့ဆုအတွက် ရေပန်းအစားဆုံးဖြစ်နေတဲ့ ထွန်းထွန်း

အကယ်ဒမီရာသီနီးလာတာနဲ့အမျှ အကယ်ဒမီနဲ့ ပတ်သတ်တဲ့ ရင်ခုန်သံတွေ စကားသံတွေ တစ်ကြိုပေးခြင်းတွေလည်း ပျံ့လွင့်လိုလာနေပါပြီ။ ဘယ်သူကတော့ ဘယ်ဇာတ်ကားနဲ့ ဘာဆုတွေရမယ်ဆိုတဲ့ ပရိသတ်တွေရဲ့ အပြိုင်အဆိုင် တစ်ကြိုပေးမှုတွေကလည်း အလုအယက်ပါပဲ။ အမျိုးသားဇာတ်ပို့ဆုအတွက် လျာထားခြင်းခံရတဲ့ မင်းသားသုံးလက်ကတော့ ဇင်ဝိုင်း(ချစ်လှစွာသော အမုန်း) နေမင်း(ခိုးဆိုးလုနှိုက်) ထွန်းထွန်း(အုတ်ကြားမြက်ပေါက်) တို့ပဲဖြစ်ပါတယ်။

အပြိုင်ဖြစ်နေတဲ့ မင်းသားသုံးလက်ကို ပရိသတ်မဲပေးစနစ်နဲ့ အကယ်ဒမီတစ်ကြိုပေးတဲ့ အခါမှာတော့…………

မဲအများဆုံးရရှိခဲ့သူကတော့ ထွန်းထွန်း ပဲဖြစ်ပါတယ်။ Myanmar Film Academy Page ကနေ အမျိုးသားဇာတ်ပို့ဆုနဲ့ပတ်သတ်ပြီး ပရိသတ်တွေဆန္ဒကို ဖော်ပြရအောင် မဲပေးရွေးချယ်မှုပြုလုပ်ခဲ့ရာ ထွန်းထွန်းက မဲအများဆုံးနဲ့ ပရိသတ်ပေးတဲ့ အကယ်ဒမီကို ရခဲ့ပါတယ်။ ထွန်းထွန်းဟာ "အုတ်ကြားမြက်ပေါက်" ဇာတ်ကားကြီးမှာ "ဖိုးသိကြား" အဖြစ် သဏ္ဍာန်လုပ်သရုပ်တူ ပီပြင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အခုလို အကယ်ဒမီတစ်ကြိုစာရင်းဝင်ပြီး မဲအများဆုံး ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။ အဆိုပညာဘက်မှာ နေရာတစ်နေရာရထားတဲ့ ထွန်းထွန်းတစ်ယောက် အကယ်ဒမီထွန်းထွန်း တကယ်ဖြစ်လာနိုင်မလား ဆိုတာကိုတော့………

Source: Myanmar Film Academy

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။