တစ်ချို့သော မိန်းကလေးတွေက ရေအိမ် အသုံးပြုပြီးတဲ့အခါ မိန်းမကိုယ် အတွင်းပိုင်းထိ ဆေးကြော တတ်ကြပါတယ်။ တစ်ချို့တွေကတော့ ဆပ်ပြာဖြင့် သန့်စင်ခြင်း၊ ဓာတုဆေးများပါသော သန့်စင်ဆေးရည်ကို အသုံးပြုခြင်း စတဲ့ နည်းလမ်းတွေနဲ့လည်း မိန်းမကိုယ်ကို ဆေးကြောတတ်ကြပါတယ်။ ဒီလို ဆေးကြောခြင်းက ကျန်းမာရေးနဲ့ မလိုလားအပ်တဲ့ ကျန်းမာရေး ပြသနာတွေကို ဖိတ်ခေါ်နေသလို ဖြစ်ပါတယ်။ 

မလိုလားအပ်တဲ့ ဖြစ်ပေါ် ခံစားရနိုင်သော ကျန်းမာရေး ပြသနာများကတော့ -

- မိန်းမကိုယ်တစ်ဝိုက် pH ဓာတ်ကို မညီမမျှ ဖြစ်စေခြင်း

- ဓာတ်မတည့်ခြင်း၊

- ယားယံခြင်း၊

- စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်း နှင့်

- ကူးစက်ပိုး ၀င်ခြင်း စတာတွေ ကို ခံစားရနိုင်ပါတယ်။ 

မိန်းမကိုယ်ကို သန့်စင်စေဖို့ ဓာတုဆေးပါတဲ့ ဘယ်လိုသန့်စင်ဆေးရည်ကိုမှ မသုံးသင့်ပါဘူး။ မိန်းမကိုယ်ကို ရေ တစ်မျိုးတည်းဖြင့် ဆေးကြောခြင်းက အကောင်းဆုံးနှင့် အသင့်တော်ဆုံးဖြစ်ပါတယ်။ မိန်းမကိုယ် သန့်စင်စေဖို့ ကြက်သီးနွေးရေကို သုံးပြီး မိန်းမကိုယ် အပေါ်ယံကိုသာ ဆေးကြော သန့်စင်ပေးနိုင်ပါတယ်။ ၀မ်းသွားပြီး သန့်စင်ဆေးကြောတဲ့အခါ မိန်းမကိုယ် အရှေ့ဘက်မှ အနောက်ဘက်သို့ သန့်စင်ပေးသင့်ပါတယ်။ မိန်းမကိုယ်မှ တစ်ဆင့် ပိုးမွှားများ ကူးစက် ခံစားနိုင်ခြေ ရှိတာမို့ ဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ဖော်ပြပါ ကျန်းမာရေး ဗဟုသုတများ သိရှိပြီး ကျန်းမာ ပျော်ရွှင်သော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။