ဒီနေ့ကတော့ အဆိုတော်ရဲလေးရဲ့မွေးနေ့ဖြစ်ပါတယ်။ Happy Birthday ပါ ကိုရဲလေးရယ်။

အဆိုတော်ရဲလေးဟာ သူ့ရဲ့ယခုနှစ်ကျရောက်တဲ့ သူ့ရဲ့မွေးနေ့ရက်မြတ်မှာ သူ့ကိုချစ်တဲ့ပရိတ်သတ်တွေအတွက် အမှတ်တရလေးဖြစ်သွားအောင်ရည်ရွယ်ပြီး အဆိုတော် X-Boxနဲ့အတူ တွဲဖက်သီဆိုထားတဲ့ “သူ့အနား”ဆိုတဲ့ သီချင်းကိုစတင်ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။

ကိုရဲလေးရဲ့မွေးနေ့ကို “နှင်းဆီသခင်”အဖွဲ့ဝင် အကယ်ဒမီထွန်းထွန်းကလည်း ယခုလိုဘဲ “HAPPY BIRTHDAY ရကောက် ရေ!! မွေးနေ့ကစပြီးနောက်နှစ်ပေါင်းများစွာ အစစအရာရာ အဆင်ပြေအိုကေပါစေ။ အနုပညာလောကမှာ အလင်းလက်ဆုံး ကြယ်ပွင့်ဖြစ်ပါစေ။ သီချင်းကောင်းများစွာဖန်တီးရေးသားနိုင်ပါစေ။ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ သူငယ်ချင်းရေ”ဆိုပြီး မွေးနေ့ဆုတောင်းပေးထားပါတယ်။ 

ရဲလေးကိုချစ်တဲ့ ပရိတ်သတ်များလည်း ရဲလေးတွက် မွေးနေ့ဆုတောင်းလေးတွေပေးပြီး ဒီနေ့သူတို့ရဲ့အသစ်ထွက်ရှိမယ့် သီချင်းအသစ်ကိုလည်းအားပေးကြပါအုံးနော်။

SOURCE- YLJK ENTERTAINMENT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။