ဆံပင်သန်တဲ့သူတွေဆို အရမ်းအားကျရတာပေါ့ ။ မိန်းမတို့ ဘုန်းဆံထုံးတဲ့ ။ ဆံပင်ကောင်းတဲ့ မိန်းမတွေက မိန်းမကောင်းလို့တောင် တင်စားခေါ်ဝေါ်ကြတယ်မလား။ ဆံနွယ်ကောင်းတဲ့ မိန်းကလေးတွေအတွက် သီးချင်း တွေတောင်စပ်ဆိုခဲ့ ကြတာလေ။ ဒါပေမဲ့ ဆံပင်သန်နေလို့ ပျော်နေတဲ့သူတွေရှိသလို ဆံပင်ကျွတ်လို့ ဝမ်းနေ နေ တဲ့သူတွေလည်းရှိပါတယ်နော်။အိပ်ရာကထလိုက်တိုင်း ခေါင်းအုံးမှာကျွတ်နေတဲ့ ဆံပင်တွေကိုကြည့်ပြီး စိတ်မ ကောင်းဖြစ်ခဲ့ရတာလည်း မနေတော့ပါဘူး။ ခေါင်းဖီးလိုက်တိုင်းကျွတ်နေတဲ့ဆံပင်တွေ ၊ ခေါင်းလျော်လိုက်တိုင်း အထွေးလိုက်ကျွတ်ထွက်လာတာက်ိုကြည့်ပြီး တကယ်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်နော်။ ဘယ်လောက်ပဲ ခေါင်း လျော်ရည် အကောင်းတွေသုံးပေမဲ့လည်း ဘာမှပြောင်းလဲမလာခဲ့ပါဘူး။ တကယ်စိတ်ညစ်ခဲ့ရပါတယ်နော်။ တကယ်တော့ ပုံမှအားဖြင့် လူတစ်ယောက်မှာ ဆံပင်အပင် (၅၀)မှ (၁၀၀) အထိကျွတ်လေ့ရှိပါတယ်ရှင့်၊။ခုဖော် ပြခဲ့တဲ့ အရေအတွက်ထက်များနေပြီး ဆိုရင်စိုးရိမ်းစရာဖြစ်လာပါပြီ၊ မပေါ့ဆသင့်ပါဘူး။

ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်ရှင့်။ မိသားစုမျိုးရိုးလိုက်ဆံပင်ကျွတ်ရင်လည်း ကိုယ်ဆီမှာ ဆံပင်ကျွတ်နိုင်ပါတယ်နော်။ အသက်ကြီးတာတဲ့အခါ ဆံပင်သန်နှုန်း ကျဆင်းလာတဲ့အတွက် ကျွတ်သွားတဲ့ ဆံပင်တွေကပြန်မပေါက်လာနိုင်တော့တဲ့အတွက် အသက်ကြီးတဲ့အခါ ထိပ်ပြောင်ခြင်းတွေ ဖြစ်တတ်ပါတယ်။ နောက်တစ်နည်းကတော့ အစာအာဟာရ ပြည့်စုံဖို့အတွက်အရေးကြီးပါတယ်ရှင့်။ ပရိုတင်းဓာတ်ပြည့်စုံစွာ စားပေးဖို့ အရေးကြီးပါတယ်နော်။ ပရိုတင်းဓာတ်ချို့တဲ့ခြင်းက ဆံင်ကျွတ်ခြငး်၊ ဆံပင်းပါးခြင်း၊ တွေဖြစ်လာ နိုင်ပါတယ်။ ငါး၊အသား၊ဥအမျိုးမျိုး၊ပဲ ၊ဒိန်ချဉ်တို့ကို စားပေးဖို့တိုက်တွန်းချင်ပါတယ်။ နောက်ပြီး သံဓာတ်ချို့တဲ့ တဲ့အတွက်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ဟော်မုန်းမမျှတမှုကြောင့်လည်းဖြစ်နိုင််ပါတယ်နော်။ ဆေးဝါးများ နှစ်ရှည်လများသောက်ရခြင်းများလည်း ဆံပင်ကျွတ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ၊ သွေးဆုံးတဲ့ အမျိုးသမီးများ အဖြစ်များပါတယ်။ စိတ်ဖိစီးမှုများခြင်းကြောင့်လည်း ဆံပင်ကျွတ်လာနိုင်ပါတယ်။

ဆံပင်ဆိုင်သွားပြီး ဆံပင်ကို အလွန်အကျွံကောက်ခြင်း၊ဖြောင့်ခြင်း၊ တို့ကြောင့်အဖြစ်များပါတယ်။ ဆံပင် လုပ် တာများတဲ့သူတွေအတွက် တစ်ပတ်တစ်ကြိမ် ပေါင်းတင်ပေးဖို့လိုပါတယ်နော်။ ဆံပင်ကျွတ်နေလို့ရှိရင် အကောင်းဆုံးကုသနည်းတွေကတော့ Minoxidil အရည် (သို့မဟုတ်)cream တိုုကို ဦးရေပြားပေါ်တစ်နေ့ (၂) ကြိမ်လောက်လိမ်းပေးပါနော်။ ခုဆိုရင် ဆံပင်စိုက်တဲ့နည်းတွေခေတ်စားနေပါပြီး၊ သံလွန်ဆီ၊ အုန်းဆီး၊ သန့်စင် ထားတဲ့ ကြက်ဆူဆီ ၊စတာတွေကို ဦးရေပြားပေါ်လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ နောက်တစ်နည်းကတော့ ကြက်သွန်နီကြိတ်ပြီး ထွက်လာတဲ့အရည်ကို ဦးရေပြားတွင်လိမ်းပေးပါ ပြီးမှ ခေါင်းလျော်ပေးပါနော်။ တစ်ပတ် တစ်ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။ ကြက်ဥအကာ (၁) လုံး၊သံလွင်ဆီအနည်းငယ်ရောပြီး ဦးရေပြားပေါ်လိမ်းပေး ပြီး(၁၅)မိ်နစ်လောက်ထားပေးပါ။ ရှားစောင်းလက်ပတ်ကိုဦးရေပြားပေါ်လိမ်ပြီး ရေနွေးလေးနဲ့ဆေးချပါ၊ တစ်ပတ် (၃)ကြိမ်လုပ်ပေးပါ။ ကဲအားလုံးနည်းလေးတွေသိထားပြီးမို့အိမ်မှာလုပ်လို့ရပြီးပေါ့ ။အားလုံးကျန်းမာကြပါစေ။

Source : Dr ထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။