အနုပညာလောကမှာ အောင်မြင်မှုအထိုက်အလျောက်ရရှိထားတဲ့ မင်းသားတွေထဲမှာ သရုပ်ဆောင် ကောင်းခန့်တစ်ယောက်လည်း အပါအဝင်ပါပဲ။ကောင်းခန့်ဟာ အိမ်ထောင်ပြုပြီးပေမယ့်လည်း ပရိသတ်အားပေးမှုလျော့မသွားတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။

လက်ရှိမှာတော့ ဖေဖေ ရာထူးတိုးသွားတဲ့ကောင်းခန့်တစ်ယောက် သူ့ရဲ့ ဖခင်ဘဝကို အပြည့်အဝပျော်ရွှင်နေပုံရပါတယ်။

သမီးလေးနဲ့အတူ မိသားစုအပြင်အလည်ထွက်တဲ့ ပုံရိပ်တွေကို ကောင်းခန့်က ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ ဖေ့ဘုတ်စ်မှာ တင်လိုက်တာဖြစ်ပါတယ်။

ကောင်းခန့်ဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးထားပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က တပ်မတော်နေ့မှာ ပြသခဲ့တဲ့ ပြည်ထောင်စုသစ္စာဇာတ်ကားမှာလည်း ပါ၀င်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိခဲ့ပါတယ်။

ကောင်းခန့်တို့ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့တစ်နှစ်ကျော်က အိမ်ထောင်ပြုခဲ့ပြီး သမီးဦးလေးကို (၂၀၁၇)ခုနှစ်မှာ ထွန်းကားခဲ့တာဖြစ်ပါတယ်။

သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးပိုင်ဆိုင်ထားတဲ့ ကောင်းခန့်ဟာ လက်တလောမှာတော့ သူ့ရဲ့ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာဖြစ်ပါတယ်။

ကောင်းခန့်ရဲ့ သမီးလေးက ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေရဲ့အချစ်ခံနေရပြီဖြစ်ပါတယ်။  

Source :Kaung Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။