MNTVရဲ့ Entertainment အစီစဉ်တစ်ခုအဖြစ်တင်ဆက်ပေးခဲ့တဲ့ Myanmae Idol သီချင်းဆိုပြိုင်ပွဲအစီစဉ်ဟာ ကြည့်ရှုသူပရိတ်သတ်တွေအကြား အောင်မြင်မှုအများဆုံးရရှိခဲ့ပါတယ်။

အသံပါရမီကောင်းတဲ့ အဆိုရှင်တွေကို ဂီတလမ်းပေါ်တက်ရောက်နိုင်အောင် မြေတောင်မြှေက်ပေးနေတဲ့ ဒီအစီစဉ်လေးကို Season (2)ထိအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ယခုတစ်ကြိမ်ဟာတော့ အဆိုရှင်တွေကို တတိယအကြိမ်မွေးထုတ်ပေးမယ့် Myanmar idol Season 3ကို ကျင်းပသွားမှာဖြစ်ပါတယ်။ Myanmar Idol ပြိုင်ပွဲကို နယ်ပေါင်းစုံမှအဆိုရှင်တွေကို တစ်ဆင့်ချင်းစီစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်။ မနှစ်က အဆိုပြိုင်ပွဲမှာ ဒိုင်လူကြီးတွေအဖြစ် “ နိုင်ငံကျော်အဆိုရှင်ကြီးမြန်မာပြည်သိန်းတန်/ မေဆွိ နှင့် တင်ဇာမော်”တို့ (၃)ယောက်က အကဲခတ်ဆုံးဖြတ်ပေးခဲ့ကြပါတယ်။

Myanmar Idolရဲ့ Winnerကို Voltingစနစ်အရ ရွေးချယ်ဆုံးဖြတ်ခဲ့ရာ မနှစ်ကကျင်းပပြီးခဲ့တဲ့ Myanmar Idol Season 2မှာတော့ “ရခိုင်သားလေး သားငယ်”ဟာ Winnerဆုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာရော ဘယ်သူတွေကများ Myanmar Idol Season 3ရဲ့ winner ဆုရှင်ဖြစ်မလဲဆိုတာ Myanmar Idol ပရိတ်သတ်တွေနဲ့အတူ စောင့်မျှော်အားပေးနေပါတယ်။

SOURCE - MYANMAR IDOL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။