ယနေ့ ဇန်နဝါရီ(၁၁)ရက်ဟာ ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ထက်ထက်မိုးရဲ့ သမီးလေး ပရိသတ်အချစ်တော် စစ်လွန်းဝတီထက် ရဲ့ မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

ယနေ့မှာ ကျရောက်တဲ့ သမီးလေး စစ်လွန်းဝတီထက်ရဲ့ မွေးနေ့လေးကတော့ သူမရဲ့ အသက်(၇)နှစ်ပြည့် မွေးနေ့ရက်လေးလည်း ဖြစ်သလို စိုင်းလွှမ်းရဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့ရက်လေးလည်း ဖြစ်တယ်လို့ သိရပါတယ်..။

မွေးနေ့ရက်လေးကိုလည်း မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်..။

ဖခင်ဖြစ်သူ စိုင်းလွှမ်းကလည်း သူအသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ မိခင်ဖြစ်သူနဲ့ သမီးလေးကို မွေးနေ့ဆုတောင်းစကားလေး ပြောပေးထားတာ တွေ့ရပါတယ်..။

မွေးနေ့ဆုတောင်းစကားလေးနဲ့ အတူ ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ မွေးနေ့ ကိတ်ခွဲခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ သမီးလေးကို ချစ်ခင်တဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်များကလည်း မွေးနေ့ဆုတောင်းစကားလေးတွေနဲ့ မွေးနေ့လေးကို ဂုဏ်ပြုပေးထားတာလည်း တွေ့ရပါတယ်..။

သမီးလေး စစ်လွန်းဝတီထက်ရဲ့ အသက်(၇)နှစ်ပြည့် မွေးနေ့လေးမှာတော့ ဖခင်ဖြစ်သူနဲ့ အတူ မွေးနေ့ကိတ်ခွဲခဲ့တာ ဖြစ်ပြီး မိခင်ဖြစ်သူ ထက်ထက်မိုးဦးကတော့ ပြီးခဲ့တဲ့ လပိုင်းလောက်ကပဲ တောင်ကြီးမြို့မှာ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်..။

ထက်ထက်မိုးဦးနဲ့ မော်လ်ဒယ် စိုင်းလွှမ်းတို့ရဲ့ သမီးလေး စစ်လွန်းဝတီထက်ကတော့ ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတာလည်း တွေ့ရပါတယ်..။

ပရိသတ်ကြီးတွေကလည်း ချစ်စရာကောင်းတဲ့ သမီးလေး စစ်လွန်းဝတီထက်အတွက် မွေးနေ့ ဆုတောင်းစကားလေးတွေ ပြောပေးသွားပါဦးနော်..

Source – စိုင်းလွှမ်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။