ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ယဉ်လိုင်းတွေမှာ ငွေပေးကဒ်စနစ် ( YPS ) တပ်ဆင်ဖို့ တင်ဒါလျှောက်ထားတဲ့ကုမ္မဏီတွေထဲကမှ ကုမ္ပဏီတစ်ခုကိုရွေးချယ်လိုက်ပီလို့သိရပါတယ်။ ထိုကုမ္မဏီ ကတော့ Excel KC Myanmar ကုမ္ပဏီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရတင်ဒါ စီစစ်ကြီးကြပ်ရေးအဖွဲ့ က ဇန်နဝါရီလ ၁၀ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ သတင်းအရသိရှိရပါတယ်။

ပေးကဒ်စနစ်အတွက် ကစ်စနစ်လုပ်ကိုင်ချင်တဲ့ ကုမ္မဏီတွေကိုတော့ ၂၀၁၇ အောက်တိုဘာလမှာစတင်ဖိတ်ခေါ်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ တင်ဒါယှဉ်ပြိုင်မှု နောက်ဆုံးအဆင့်မှာတော့ Any Pay Payment Services ကုမ္ပဏီ ၊ Excel KC Myanmar ကုမ္ပဏီနဲ့ Asia Starmark Transport Intellige-nt ကုမ္ပဏီတို့ကို ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ တင်ဒါအဆင့်ဆင့် စီစစ်ရွေးချယ်ပီးတဲ့နောက်မှာတော့ Excel KC Myanmar ကုမ္ပဏီကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့သိရှီရပါတယ်။ 

“အခုရွေးချယ်ခံရတဲ့ Excel ကုမ္ပဏီကလည်း ပြည်တွင်းကုမ္ပဏီတစ်ခုပါပဲ၊ အခုလိုလုပ်ပိုင်ခွင့်ရရှီသွားတဲ့အတွက်လည်း ဂုဏ်ပြုပါတယ် ၊တင်ဒါရွေးချယ်မှုအပေါ် ပြောစရာမရှိပါဘူး “ လို့ လဲ Any Pay Payment ကုမ္ပဏီ ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့တယ်လို့သိရှိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ YBS ဘတ်စ်ကား ငွေပေးကဒ်စနစ်အတွက် လုပ်ပိုင်ခွင့် ရတဲ့ ကုမ္ပဏီကို ၂၀၁၇ အတွင်းမှာအပြီးရွေးချယ်ပြီး ၂၀၁၈ ဇန်နဝါရီမှာ စတင်အကောင်အထည်ဖော်ဖို့ စီစဉ်ထားပေမယ့် အခုချိန်မှာတော့ လုပ်ငန်းစတင်မယ့်အချိန်ကို ဆုံးဖြတ်နိုင်ခြင်းမရှိသေးဘူးလို့လဲသိရှိရပါတယ်။

source - 7 days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။