ရန်ကုန်တိုင်းသာကေတနှင့်မန္တလေးတိုင်းမြင်းခြံမြို့နယ်များတွင် အပူစွမ်းအင်သုံးဓာတ် အားပေးစက်ရုံ(၂)ခုကို ယခုလအတွင်း စတင်စမ်းသပ် လည်ပတ်သွားမည်ဟုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။ “မြင်းခြံ ဒေသမှာက IPP/BOTစနစ်နဲ့ PPAစာချုပ်ချုပ် ပြီး ၂၀၁၆ခုနှစ်ထဲမှာစတင်တည်ဆောက်ခဲ့တာပါ။ ရန်ကုန်ုမြို့ သာကေတ ကစက်ရုံကိုလည်း PPA စာချုပ်ချုပ်ဆိုတည်ဆောက်ခဲ့တာဖြစ်ပြီး ခုလထဲမှာ စမ်းသပ်လည်ပတ် သွားမှာပါ”လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနဒုတိယအမြဲတမ်း အတွင်းဝန်ဦးဌေးအောင်က ပြောပါတယ်။

အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများကိုတည် ဆောက်ရာတွင်မြင်းခြံဒေသ၌ Sembcrob Myingyin PowerCo.,Ltd(Singapore)နှင့် PPA စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ သာကေတရှိ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံကိုတော့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့်U-Energy Thaketa Power Company(China)တို့ PPA စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

မြင်းခြံ အပူစွမ်းအင်သုံး စက်ရုံမှ(၂၂၅)မဂ္ဂါဝပ် ဓာတ်အား ထွက်ရှိ လာမှာ ဖြစ်ပြီး သာကေတမှာ (၁၀၆)မဂ္ဂါဝပ် ထွက်ရှိလာမည်လို့ သိရပါတယ်။အဆိုပါ ဓာတ်အားပေးစက်ရုံများကို ယခုလ အတွင်း စမ်းသပ်လည်ပတ် မှာဖြစ်ပြီး မြင်းခြံဒေသနှင့် ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များ တွင် သာဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားများ ပိုမိုဖြန့်ဝေသွား နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - PN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။