ထီ(၅)သန်းဆုပေါက်တဲ့ မဟာကံထူးရှင်အမျိုးသမီးကတော့ လိင်ပြောင်းထားတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမဟာသားသမီးတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပါတယ်။ဗြိတိန်နိုင်ငံ အိစ်ယော့ရှိုင်းယား စီရင်စု၊ ဟောမြို့က မယ်လီဆာ အဒီ ဆိုတဲ့ အသက် ၅၇ နှစ်အရွယ် လိင်ပြောင်းအမျိုးသမီးဖြစ်ပြီး ဖခင်ဘဝ

ကနေ လိင်ပြောင်းခဲ့တာကြောင့် သားသမီးတွေရဲ့ စွန့်ပစ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

သူမဟာ သားသမီးတွေရဲ့့စွန့်ပစ်ခြင်းခံရပြီးနောက် အငှားယာဉ်မောင်းအလုပ်နဲ့ အသက်မွေးနေခဲ့ရတာဖြစ်ပါတယ်။သူမဟာယခုအချိန်မှာ ပေါင်၄သန်း/ဒေါ်လာ(၅)သန်းဖိုး ထီဆုကြီးပေါက်ခဲ့ပါတယ်။အခုသန်းထီဆုကြီး ပေါက်ခဲ့ပြီးချိန်မှာတော့သူ့ကိုစွန့်ပစ်သွားတဲ့သားသမီး လေးဦးအတွက် တစ်ပြားတစ်ချပ်မှ ပေးသွားမှာမဟုတ်ဘူးလို့ မယ်လီဆာ က ဆိုပါတယ်။ သူ့ရဲ့သားသမီးတွေကိုယနေ့ချိန်ထိ ချစ်မြတ်နိုးနေဆဲဖြစ်ပြီး မိဘက သားသမီးကို အဆုံးမဲ့ချစ်ခြင်းမေတ္တာ ပေးသင့်တယ်ဆိုပေမဲ့ ၁၄ နှစ်လောက် ပစ်ထားခဲ့တဲ့

သူတွေက ခုချိန်မှာမှပြန်လာပြီးချစ်ပါတယ်ဆိုတာက စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကြောင့် မဟုတ်ဘဲ လိုချင်တပ်မက်စိတ်နဲ့ ငွေမျက်နှာကြောင့်ပဲ ဖြစ်မှာမို့ ဆုငွေထဲကနေ ခွဲဝေပေးသွားဖို့ အစီအစဉ် မရှိဘူးလို့ မယ်လီဆာ က ပြောပါတယ်။

ဒီနှစ်တွေထဲမှာ သူ့အတွက် ဖေးမပေးနေခဲ့တဲ့ အမျိုးသမီးဖြစ်သူရေချယ်နေဆင် နဲ့ သူ့ရဲ့ သားငယ်၊သမီးငယ်ငါးဦးတို့အတွက်တော့ရေကူးကန်ပါတဲ့ အိမ်ကြီးတစ်လုံးဝယ်ပြီး မိသားစုအတူ သိုက်သိုက်ဝန်းဝန်း နေထိုင်သွားမှာဖြစ်ပြီး သူ့ရဲ့သွားတွေပြင်ဖို့ ငွေလိုအပ်တုန်းကကူညီပေးခဲ့တဲ့ သူ့မိတ်ဆွေ ၂၆ ဦး အတွက်လည်း ငွေတစ်ချို့ကိုလက်ဆောင်ပြန်ပေးဖို့ စီစဉ်ထားတယ်လို့ မယ်လီဆာ က ဆိုပါတယ်။ လူတွေရဲ့ကံတရားဟာ ဘယ်အရာမှကြိုတင်ခန့်မှန်းလို့မရနိုင်ဘဲ အရမ်းကိုဆန်းကြယ်တယ်ဆိုတာ မယ်လီဆာဆိုတဲ့ လိင်ပြောင်းအမျိုးသမီးက သက်သေပြသွားခဲ့ပါတယ်။

SOURCE-ဒိန္ခ်ဥ္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။