အဝေးသင်အောင်စာရင်းတွေစောထွက်နိုင်

ရန်ကုန် နိုဝင်ဘာ (၃၀)

အဝေးသင်က္ကသိုလ်တွေရဲ့ အောင်စာရင်းတွေ စစ်ဆေးတဲ့ အခါ ကွန်ပျုတာစနစ်နဲ့ စတင်အသုံးပြုမယ်လို့ ရန်ကုန် အဝေးသင်တက္ကသိုလ် က သိရပါတယ်။

” ဒီနှစ်အတွက်အောင်စာရင်းကို ကွန်ပျူတာစနစ်နဲ့ ပြုစုမှာပါ၊အရင်တုန်းက ဌာနခွဲတွေကပဲ သူတို့ အမှတ်ဖြတ်တယ်၊ တီချယ်တို့က မော်ဒေးရှင်းပဲ သတ်မှတ်ပေးရတာ၊

အခုနှစ်ကတော့ သူတို့ ကဖြေလွာတွေစစ်ပြီး စီဒီပေးရုံပဲ၊ တီချယ်တို့က လုပ်ပေးမှာ” လို့ ရန်ကုန် အဝေးသင်တက္ကသိုလ် ကဒုတိယ ပါမောက္ခချုပ်ဒေါက်တာဒေါ်ခင်အေးအေး

က ပြောပါတယ်။

အဝေးသင်တက္ကသိုလ်နယ်ဌာနခွဲတွေအနေနဲ့ အဖြေလွာတွေကိုစစ်ဆေးပြီး ရမှတ်တွေကို စာရင်ပြုစုပြီး ရန်ကုန် အဝေးသင်တက္ကသိုလ် ကိုပေးပို့ရမှာဖြစ်ပြီး မိမိ ဌာနခွဲမှာ

စစ်ဆေးတဲ့ အမှတ်စာရင်းတွေကို တာဝန်ယူပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

အရင်က အောင်စာရင်းတွေပြုစုတဲ့အခါမှာ အဝေးသင်တက္ကသိုလ်ဌာနခွဲတွေအလိုက် ပြုစုရတာဖြစ်ပြီး ရန်ကုန် အဝေးသင်တက္ကသိုလ်ကနေ မော်ဒေးရှင်းမှတ်ကိုသာသတ်မှတ်ပေးရပြီး အောင်မှတ်ဖြတ်တာ၊ စာမေးပွဲ ကျရှုံးတာတွေကို သက်ဆိုင်ရာ အဝေးသင်ဌာနခွဲတွေကပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်

Source: Kumudra

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။