ယခုတလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူကြိုက်များနေတဲ့ ဗီဒီယိုဖိုင် လေးတစ်ခုကတော့ မော်ဒယ်ဟန်သီရဲ့ အင်တာဗျူးလေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်လေး ကြောင့် ဝေဖန်မှုများအနည်းငယ်ရှိသလို တချို့ကလဲ ပေါ့ပေါ့ပါးပါးလေးဖြေဆိုထားပြီး ချစ်ဖို့ကောင်းတဲ့ အမူအရာလေးကြောင့် ပရိသတ်တွေ အချစ်တွေပိုခဲ့ရတာပါ။

ဒီနေ့တော့ သူမက Smart Lady အတွက် လှပတဲ့မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်ထား တဲ့ သူမပုံလေးတွေကို ပြန်လည်မျှဝေလာပါတယ်။

Miss တစ်ယောက်ဖြစ်တဲ့ အတွက် ဒီလိုမြန်မာဝတ်စုံလေးတွေနဲ့ သူမရဲ့ခန္ဓာကိုယ် အချိုးအစားကတော့ ပြောစရာမလိုလောက်အောင်ကို ကြည့်ကောင်းကာ လှပနေတာပါ။

Miss Supranational 2014 တစ်ယောက်ဖြစ်တဲ့သူမဟာ ငယ်ရွယ်ကာ ထက်မြတ်လွန်း သူလို့ဆိုနိုင်ပါတယ်။

သူမကို ရှိုးပွဲတိုင်းရဲ့ စင်မြင်ထက်မှာ တောက်ပစွာလျှောက်လှမ်းနေတဲ့ မော်ဒယ်မလေး တစ်ယောက်အပြင် သရုပ်ဆောင်ပိုင်းတွေမှာလည်း မြင်တွေ့ရတက်ပါတယ်။ နှာခေါင်းခွဲစိတ်မှုတစ်ခု ပြုလုပ်ထားတဲ့သူမက မကြာသေးမီရက်ပိုင်းကမှ နှာခေါင်း ချုပ်ရိုးဖြေထားတာပါလို့ ပြောပြပါသေးတယ်။ ဒီခွဲစိတ်မှုလေးနဲ့ ပတ်သတ်လို့လဲ ပရိသတ် သိချင်တာများကို ပြန်လည်မျှဝေကာ ပြောပြထားပါသေးတယ်။ ဒါကတော့ ချစ်ဖို့ကောင်းတဲ့ ဟန်သီလေးရဲ့ လတ်တလောလှုပ်ရှားတွေကို တင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source – Han Thi FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။