ပရိသတ်တွေရဲ့ အချစ်တော် သမီးလေး စစ်လွန်းဝတီထက်ကတော့ သူမရဲ့ မွေးနေ့လေးမှာ မွန်မြတ်တဲ့ အလှူလေးပြုလုပ်ပြီး မွေးနေ့ရက်လေးကို ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်..။

ယနေ့မှာ ကျရောက်တဲ့ သူမရဲ့ အသက်(၇)နှစ်ပြည့် မွေးနေ့ ရက်လေးမှာ ဖခင်ဖြစ်သူနဲ့အတူ အလှူလေးတွေ ပြုလုပ်ပြီး မွေးနေ့ရက်လေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်..။

မွေးနေ့အလှူလေးကိုတော့ မသန်စွမ်းကလေးများ စောင့်ရှောက်ရေး ဂေဟာမှာ လှူဒါန်းမှုများ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

မသန်စွမ်းကလေးငယ်များအတွက် အအေး၊ မုန့်များနှင့် အလှူငွေများလည်း လှူဒါန်းဖြစ်ခဲ့တယ်လို့ သိရပါတယ်..။

ချစ်စရာကောင်းတဲ့ မွေးနေ့အလှူပုံရိပ်လေးတွေကိုလည်း စိုင်းလွှမ်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်တွေကလည်း သူမရဲ့ မွေးနေ့အလှူလေးကို ချီးကျူးသာဓုခေါ် ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

သမီးလေး စစ်လွန်းဝတီထက်ကတော့ ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ ရရှိထားပြီး ကြော်ငြာတွေလည်း ရိုက်ကူးရင်း ပရိသတ်တွေကို အချစ်ပိုစေခဲ့တာကိုလည်း တွေ့ရပါတယ်..။

မွေးနေ့ရက်လေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ သူမတို့ရဲ့ ကြည်နူးစရာ မွေးနေ့အလှူ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..

ပရိသတ်ကြီးတွေကလည်း ချစ်စရာကောင်းတဲ့ သမီးချောလေး စစ်လွန်းဝတီထက်အတွ့် မွေးနေ့ ဆုတောင်းစကားလေးတွေ ပြောပေးသွားပါဦးနော်..

Source - စိုင်းလွှမ်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။