ဇန်နဝါရီ (၁၀)ရက်နေ့ မနေ့က နံနက် ၃ နာရီခွဲခန့်တွင် SSA (ဝမ်ဟိုင်း)အဖွဲ့မှ ဆက်ကြေးကောက်ခံသူများအား ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုမြို့ရဲ့ အနောက်ဘက် ၂၄ မိုင်ခန့်အကွာ ပြင်ဦးလွင်-မိုးကုတ်သွား ကားလမ်း အနောက်ဘက်ရှိ သပြေဒိုး ကျေးရွာအတွင်း SSA (ဝမ်ဟိုင်း) အဖွဲ့ဝင်များ နယ်မြေကျော်လွန်ရောက်ရှိနေ တယ်သတင်း ရရှိခဲ့တယ်လို့ တပ်မတော် စစ်ကြောင်းမှ အရာရှိ တစ်ဦးကပြောပါတယ်။ရရှိခဲ့တဲ့ သတင်းများအရ နယ်မြေခံ တပ်မတော် စစ်ကြောင်းက ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် SSA (ဝမ်ဟိုင်း)အဖွဲ့ဝင်များ ခိုအောင်းနေတဲ့ နေအိမ်အား ဝင်ရောက်ပိတ်ဆို့ရှာဖွေခဲ့တာ ပဲဖြစ် ပါတယ်။  

နေအိမ်အတွင်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မိမိတို့ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး အတင်းဝင် ရောက်ဖမ်းဆီးခဲ့ ရတယ်လို့ တပ်မတော် အရာရှိ တစ်ဦးကပြောပါတယ်။ ဖြစ်စဉ်တွင် မိမိတို့ ဘက်မှ စစ်သည် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး SSA (ဝမ်ဟိုင်း) အဖွဲ့မှ မြို့နယ်မှူး အဆင့်ရှိ စိုင်းမိုးအောင် အပါအဝင် အဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ၎င်းကပြောပါတယ်။ဆက်လက်ပြီး လက်နက်ငယ် ၅ လက်၊ ကျည်အိမ် ၄ ခု၊ ကျည်မျိုးစုံ ၇၈ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံး၊ Tablet ၁ လုံး၊ ဆက်ကြေးကောက်ခံရာတွင် အသုံးပြုတဲ့ စာရွက်စာတမ်းများပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖမ်းဆီးရမိသူများ၊ လက်နက်/ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် စာရွက်စာတမ်း များကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး နောင်ချိုမြို့မရဲစခန်းသို့စနစ်တကျလွှဲပြောင်းအပ်နှံသွားမယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူ (၅)ဦးကိုလည်း တည်ဆဲဥပဒေအရ ဆက်လက်အရေးယူ သွားမယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - PN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။