ပုံမှန်ထက် ကိုယ်အလေးချိန်များခြင်းက အလှအပကို ထိခိုက်စေနိုင်တဲ့အပြင် ကျန်းမာရေးအတွက်လည်း ဆိုးကျိုးများ ရှိနေနိုင်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချနိုင်မယ့် နည်းလမ်း အများအပြား ရှိနေသော်လည်း တစ်ချို့သော အရေးကြီးတဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များကို မေ့လျော့နေတတ်တာကြောင့် သတိပြုမိကြစေရန် ရည်ရွယ်ပြီး ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ 

(၁) တစ်နေ့ကို မိနစ် 20-30 လမ်းလျှောက်ပါ။ (သို့) ခြေလှမ်း 2000 လျှောက်ပါ။ ဒီနည်းလမ်းက အသင့်တော်ဆုံး ကိုယ်အလေးချိန် လျှော့ချနည်းပဲ ဖြစ်ပါတယ်။

(၂) ပန်းသီး နေ့စဉ် စားသုံးပါ။ ပန်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါ၀င်တာကြောင့် ခန္ဓာကိုယ်တွင်းရှိ လိုအပ်တဲ့ စွန့်ပစ်ပစ္စည်းတွေကို အလွယ်တကူစွန့်ထုတ်နိုင်ပြီး အဆီပိုတွေ သိုလှောင်စေခြင်း မရှိတဲ့အတွက် ကိုယ်အလေးချိန်တက်မလာအောင် အထိရောက်ဆုံးကူညီပေးနိုင်ပါတယ်။

(၃) အဆီတွေပါတဲ့ အစားအသောက်တွေကိုရှောင်ပါ။ ပိန်ဆေးတွေသောက်၊ အားကစား လုပ်နေပေမယ့်လည်း အဆီပါတဲ့ အစားအသောက်တွေကြောင့် အလွယ်တကူ ၀ိတ်ပြန်တက်နိုင်ပါတယ်။

(၄) ယမကာသောက်သုံးမှုမလွန်ပါစေနဲ့။ အရက်သေစာ သောက်စားမှုကြောင့်လည်း ခန္ဓာကိုယ် အလေးချိန် တက်နိုင်တယ် ဆိုတာ သတိရပါ။ 

(၅) အချိန်မှန်မှန်စားပါ။ မနက်စာကို မဖြစ်မနေစားပါ။ အချိန်မှန် စားသုံးခြင်းက ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိပြီးသား ဖြစ်စေပါတယ်။ မနက်စာကို ရှောင်ပြီး နေ့ခင်းဖက်မှ ပိုစားတာမျိုး မဖြစ်ပါစေနဲ့။ ညနေ ၆ နာရီကျော်မှ ညစာ စားသုံးခြင်းကို ရှောင်ပါ။

(၆) အဆီဖယ်ထားတဲ့ ဒိန်ချဉ်သောက်ပါ။ ဒိန်ချဉ်က ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိပေးတဲ့ အကောင်းဆုံး အစားသောက် ဖြစ်ပါတယ်။ အဆီဖယ်ထားတဲ့ ဒိန်ချဉ်ကို ရွေးချယ်မိဖို့တော့ အရေးကြီးတယ်နော်။

(၇) ဆားစားသုံးမှု လျှော့ချပါ။ ဆား ကို ပုံမှန် အတိုင်းအတာထက် အလွန်အကျွံ အသုံးပြုခြင်းကလည်း ကိုယ်အလေးချိန်တိုးစေဖို့ အကြောင်းအရင်းတစ်ခု ဖြစ်နေပါတယ်။

(၈) အစားအစာများကို ဂရုစိုက်ပါ။ ကိုယ်အလေးချိန် ထိန်းညှိပေးဖို့အတွက် အညိုရောင်ပေါင်မုန့်၊ ဆန်လုံးညို၊ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့လုပ်ထားတဲ့ ကွေကာ၊ အုတ်ဂျုံမှုန့် စတဲ့အစားအစာတွေက သင့်တော်ပါတယ်။ 

(၉) ရေဓာတ်ဖြည့်တင်းပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်နေခြင်းကြောင့် အစာခြေစနစ်ကောင်းစေပြီး ကိုယ်အလေးချိန်လျော့ကျစေတဲ့အပြင် အသားအရေကိုကြည်လင်စေပါတယ်။ တစ်နေ့လျှင် အနည်းဆုံး ဖန်ခွက် ၈ ခွက် ရေသောက်ပေးပါ။

(၁၀) ပုံမှန် အိပ်ပါ။ အိပ်ရေးအပျက်ခံပြီး ကိုယ်အလေးချိန် နည်းအောင် လုပ်ခြင်းက အသုံးမဝင်ဘူး ဆိုတာ မမေ့ပါနဲ့။ လူတစ်ယောက်က အနည်းဆုံး ၆ နာရီ အိပ်စက်သင့်တာမို့ အအိပ်လျှော့တာ မလိုအပ်ဘူးလို့ အကြံပေးပါရစေ။

ဖော်ပြပါ အချက်များကို သိရှိပြီးနောက်မှာတော့ နည်းလမ်း မှန်မှန်ဖြင့် ကိုယ်အလေးချိန် လျှော့ချနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - original writer

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။