သရုပ်ဆောင်အကယ်ဒမီလူမင်းကတော့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ ဧဝရက်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးနေတဲ့ ညစ်တွန်းရုပ်ရှင် ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းကို အိန္ဒိယနိုင်ငံကနေ တရားဝင်ခွင့်ပြုချက်နဲ့ ဝယ်ယူထားတာဖြစ်ကြောင်း သိရပါတယ်။ ယင်းဇာတ်ကားထဲမှ ကိုယ်ကြိုက်တဲ့ ဇာတ်ညွှန်းဇာတ်ကွက် တွေကို လည်း လိပ်ပြာသန့်သန့်နဲ့ ရိုက်ခွင့်ရှိတယ်လို့ ပြောပြခဲ့ပါတယ်။ ” အိန္ဒိယက ဇာတ်ညွှန်းကို တရားဝင်ခွင့်ပြုချက်ယူပြီးမှ မြန်မာမှုပြု ဖြည့်စွက်ပြင်ဆင်ပြီးမှ ရိုက်တာပေါ့၊ Copy ဆိုတာက မသိမသာတုလိုက်တာ နဲ့ သိသိသာသာတုတာနဲ့ပဲ ကွာပါတယ်။ ဒါပေမယ့်လည်း အပြန်အလှန်လေးစားမှုပေါ့နော် တရားဝင်ခွင့်ပြုချက်ယူလိုက်တော့ သူကလည်း ဒီထဲက ကြိုက်တဲ့ဇာတ်ညွှန်းဇာတ်ကွက်တွေကို တိတိကျကျ လိပ်ပြာသန့်သန့်ရိုက်ခွင့်ရှိတယ်” လို့ အကယ်ဒမီလူမင်းကပြောပြခဲ့ပါတယ်။ 

လက်ရှိမှာ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေနဲ့ အသက်ကြီးကြီး လူကြီးတစ်ယောက်ပုံစံ ကာရိုက်တာအဖြစ်ရှိနေပုံကိုလည်း ပြောပြခဲ့ပါတယ်။" အစ်ကို အခု ရိုက်နေတဲ့ ညစ်တွန်းဇာတ်ကားအတွက် ဒီဇာတ်ရုပ်ကိုမွေးထားတာပါ။ သူကတက္ကစီမောင်းတဲ့လူကြီးတစ်ယောက်၊ ဘာကိုမှ အကောင်းမမြင် တတ်တဲ့လူကြီးတစ်ယောက်ပေါ့။ ညစ်နေတဲ့လူ အားအားရှိ ဘယ်သူ့ကိုမှ အကောင်းမမြင်ဘူး ထီထိုးပြီး ထီမပေါက်ရင်တောင် ထီဆိုင်ကိုသွားပြီး ပြဿနာရှာတဲ့လူမျိုးဆိုတော့ အဲ့ဒီလိုရုပ်ပေါက်အောင်လုပ်ထားတာပါ” ဟူ၍လည်း ပြောပြခဲ့ပါသေးတယ်။ ညစ်တွန်းရုပ်ရှင်ဇာတ်ညွှန်းကို အိန္ဒိယနိုင်ငံကနေ တရားဝင်ခွင့်ပြုချက်နဲ့ ဝယ်ခဲ့တဲ့ လူမင်းရဲ့ ဆန္ဒကိုလည်း အခုလိုသိခွင့်ရခဲ့ပါသေးတယ်။

” အိန္ဒိယ ကားတွေက ဇာတ်ညွှန်းအရမ်းကောင်းတယ်။ အဲ့ဒီဇာတ်ညွှန်းကောင်းကောင်းကိုကိုင်ပြီးတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်ချင်တဲ့စိတ် အဓိက နံပတ် ၁ပေါ့။ နောက်ပြီးတော့ ဖားတုလို့ခရုခုံပေါ့နော် သူတို့က ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံရင်းနှီး မြုပ်နှံတဲ့ကား၊ ကိုယ်တွေက ကိုယ့်အထွာနဲ့ကိုယ် ရိုက်လို့ရနိုင်မယ့် ဇာတ်လမ်းအမျိုးအစားလည်းဖြစ်ရဦးမယ်ပေါ့၊ အဲ့ဒါကိုရွေးချယ်ပြီးတော့ မြန်မာပရိသတ်အတွက်လည်း အရသာဆန်းဆန်းလေး ပေးချင်တဲ့ဆန္ဒကြောင့်ရိုက်ဖြစ်တာပါ” လို့ အကယ်ဒမီလူမင်းက ပြောပြခဲ့ပါတယ်။ 

ညစ်တွန်းရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဧဝရက်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး သရုပ်ဆောင်အကယ်ဒမီလူမင်းကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးပုံဖော်နေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ ထက်ထက်ထွန်းတို့က အဓိက ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ပရိသတ်ကြီးအတွက် အသစ်အဆန်းလေးတွေဖြစ်လာမယ့် ဇာတ်ကားတစ်ကားကို ချစ်ပရိသတ်များအတွက် မျှဝေပေးလိုက်ပါတယ်။

Source - လူမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။