ဟင်းချက်ရာမှာလည်း သုံးသလို ကျန်းမာရေးအတွက်လည်း အသုံးဝင်တယ်ဆိုတာ လူတိုင်းသိပါတယ်နော်။ နနွင်းကို ပါကစ္စတန်၊ အမေရိက နိုင်ငံတွေမှာ ပိုးရောဂါထိန်းသိမ်းနိုင်တဲ့ပရဆေးအဖြစ် အသုံးပြုကြပါတယ်။ သဘာဝပိုးသတ်ဆေး မှိုသတ်ဆေးအဖြစ် အသုံးဝင်ပါတယ်။ စိုက်ပျိုးရေးအတွက် ပိုးကျတတ်တာတွေကို တိုက်ဖျက်ပေးပါတယ်နော်။ နနွင်းမှာ ပါဝင်တဲ့ ဓတ်ပေါင်းစုဟာ အိမ်မှာရှိတဲ့ ကြမ်းပိုး၊ ပုရွက်ဆိတ်၊ တွေကို မောင်းထုတ်နိုင်ပါတယ်။စိုက်ခင်းထဲမှာရှိတဲ့ ပိုးမွှားတွေကို ထိမ်းသိမ်းဖို့အတွက် နနွင်းမှုန့်၊ ငရုတ်သီး၊ ဆီ သုံး ခုရောစပ်ပြီး ရှင်းလို့ရပါတယ်။ ပြီးတော့ နနွင်းရွက်ကိုစိမ်းပြီး အရည်ကို စိန်ကွက်ဖလံ၊ ဝါသီးလုံးဖောက်ပိုး တွေအတွက် တိုက်ထုတ်နိုင်ပါတယ်။

ပြီးတော့ ယင်ကောင်တွေ ဥမဖြစ်ထွန်းအောင်လည်း ကာကွယ်ပေးပါ တယ်နော်။ခြင်၊ ပိုးဟပ်တွေကိုလည်း တိုက်ထုတ်နိုင်စွမ်းရှိပါတယ်။ အထူးသတိပြုရမှာကတော့ စပါးခင်းမှာ တာ့ လုံးဝမသုံးသင့်ပါဘူးနော်။ နနွင်းကို ဖားဥမှိုစွဲခြင်းအတွက် နနွင်းမှုန့် ၂၀၀ ဂရမ်၊ မိီးဖိုပြာ ၂၀၀ ဂရမ်၊ ရေ ၄ ဂါလံ ရောပြီး တစ်ပတ် (၇) ရက်ပုံမှန်ဖျန်းပေးပါက ဖားဥမှိုကို ကာကွယ်နိုင်ပါတယ်နော်။အပင်ကိုင်းချလို့ ကိုင်းဖြတ်တဲ့နေရာမှာ ပိုး၊ မှို မဝင်အောင် ဖြတ်တဲ့နေရာကို နနွင်းကိုရေနှင့်ပျစ်ပျစ်ဖျော်ပြီး သုတ်လိမ်းပေးပါနော်။ဟင်းရွက်အသီးတွေကို ဆေးတဲ့နေရာမှာလည်း ဘက်တီးရီးယားတွေမကျန်အောင် နနွင်းမှုန့် ၅၀ ဂရမ်၊ ရေနွေးပူ တစ်ခွက် ၃၀၀ စီစီ ခန့်၊ ရောဖျော်ကာ ၂ မိနစ်ခန့်စိမ်ထားပေးပါ ပြီးမှ ရေစင်အောင်ဆေးပါ ။စိတ်ချလက်ချ စားသုံးနိုင်ပါတယ် ။

ပြီးတော့ နနွင်းကို အညော်ကျအောင်လုပ်ရာမှာလည်း အသုံးဝင်ပါတယ်။ ကြာရှည်တဲ့အနာများ၊ ပြည်တည်နာများအတွက် နနွင်းက အဆိပ်မတက်အောင်၊ ညော်ကျအောင်ကူညီပေးပါတယ်ရှင။့် အမျိုးသမီး တွေအတွက် အထူးကောင်းမွန်တဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ အစာအိမ်ရောဂါ ဝေဒနာတွေ အတွက်နနွင်းကို ဆီးသီးလုံးလောက်ခန့် ပျားရည်နှင့်ရောကာ လုံးပေးပြီး ပုလင်းထဲလေလုံ အောင်ပိတ် ထားပြီးတစ်ရက် ၃ လုံးခန့်သောက်ပေးပါက ပျောက်ကင်းနိုင်ပါတယ်နော်။ ကဲဒီလောက်ဆို နနွင်းကို ဘယ်လိုအသုံးပြုရမလဲဆိုတာသိပြီးဖြစ်တာမို့ အိမ်တွင်းကုထုံးတွေ အနေနဲ့လည်း အသုံးပြု နိုင်ပါတယ်နော် ။နနွင်းအသုံးဝင်ပုံတွေကတော့ အများကြီးရှိပါတယ်ရှင့် ၊ ခုတင်ပြပေးလိုက်တဲ့နည်းကလည်း တစ်ကယ် လက်တွေ့မှာ အသုံးဝင်တဲ့နည်းတွေဖြစ်ပါတယ်။ အားလုံးကျန်းမာကြပါစေ။

Source : Khant Zaw Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။