နိုင်ငံကျော်မင်းသားတစ်လက်ဖြစ်တဲ့ လူမင်းကတော့ သူ့ရဲ့ အသက်အရွယ်နဲ့ ၀ါအရ မီဒီယာသမားတွေကို ဆုံးမစကားပြောခွင့်ရပြီလို့ ဆိုပါတယ်။

အကယ်ဒမီလူမင်းဟာ ဇန်နဝါရီလ(၉)ရက်နေ့က ပြုလုပ်တဲ့ လူကြီးလူကောင်းများရုပ်ရှင်ကန်တော့ပွဲနဲ့ စာနင်းဇင်းရှင်းလင်းပွဲမှာ လာရောက်သတင်းယူတဲ့ မီဒီယာသမားတွေကို အခုလိုပြောခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ အနုပညာရှင်တွေအနေနဲ့လည်း မီဒီယာတွေများလာတာနဲ့အမျှ တချို့ကသူများ Logo မပါစေချင်တာတွေရှိတယ်။ တယောက်တည်းက အကုန်လုံးကိုဖြေနေရရင် သေပြီပေါ့။ စည်းကမ်းတကျ လေးနဲ့ နောက်ပွဲတွေလုပ်မယ်ဆို ပိုများကောင်းသွားမလားလို့ပေါ့။ နှစ်ဖက်လုံးလည်း စိတ်ထဲခုစရာ မရှိတော့ဘူးပေါ့။ ကျနော်ဒီလိုပြောတယ်ဆိုတာ မိသားစုလို တချိန်လုံး လက်တွဲလျှောက်လာကြတဲ့လူတွေ ကျနော် ဒီအသက်အရွယ် ဒီဝါအရဆိုရင် ဒီလောက် ဆုံးမစကားလေးပြောလို့ရပါပြီ။ ဆံပင်တွေလည်း ဖြူနေပြီဆိုတော့” လို့ အကယ်ဒမီလူမင်းက ပြောခဲ့ပါတယ်။

လူမင်းဆိုလိုတဲ့သဘောကတော့ မီဒီယာတွေနဲ့ အနုပညာရှင်တွေကြားမှာ နားလည်မှုထားရမယ်ဆိုတာကို ထိထိမိမိ ပြောသွားတာဖြစ်ပါတယ်။ကျရာဇာတ်ရုပ်အတိုင်း ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ၀ါရင့်သရုပ်ဆောင်တစ်ယောက်မို့ အကယ်ဒမီဆုလည်း ရရှိထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကစပြီး ရုပ်ရှင်ဥက္ကဌ ရာထူးက အနားယူထားတဲ့ လူမင်းဟာ ရုပ်ရှင်ဇာတ်ကားတွေပဲ ဆက်တိုက်ရိုက်ဖြစ်နေပါတယ်။ ဒါ့ပြင် အားလပ်ချိန်တွေမှာလည်း မိသားစုနဲ့ အချိန်ပေးလျက်ရှိပါတယ်။ လူမင်းဟာ သားတစ်ယောက်သမီးတစ်ယောက် ရဲ့ ဖခင်ဖြစ်ပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးပိုင်ဆိုင်ထားရသူလည်းဖြစ်ပါတယ်။  

Source : Ayarwaddy 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။