မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ EFL Cup ဆီမီးဖိုင်နယ် ပထမအကျော့မှာ ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ဂိုးမရှိသရေ နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။EFL Cup ပြိုင်ပွဲ ရဲ့ ဒုတိယအကျော့ကိုတော့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ အာဆင်နယ် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။ 

ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မိုရာတာ၊ ပတ်ဒရို၊ ဝီလီယံ၊ အလွန်ဆို၊ ဖာဘရီဂတ်၊ ကန်တေ၊ မော့ဆက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လာကာဇတ်၊ ဝဲဘတ်၊ အီဝိုဘီ၊ ကိုလာစီနက်၊ ဇာခါ၊ ရမ်ဆေး၊ ဘယ်လာရင် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးဟာ ခြေတူညီနေခဲ့တာဖြစ်တာကြောင့် သရေရလဒ်ကို ဦးတည်ခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၃ ကြိမ် ရှိခဲ့ပြီး ၄ ကြိမ် ဂိုးပေါက်တည့်ခဲ့ပေမဲ့ သွင်းဂိုးတော့ ရယူနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းက ဂိုးပေါက်ခြိမ်းခြောက်မှု ၁၁ ကြိမ် ရှိခဲ့ပြီး ၂ ကြိမ် ဂိုးပေါက် တည့်ခဲ့ပေမဲ့ သွင်းဂိုးတော့သွင်းယူနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။၈၇ မိနစ်မှာတော့ ချဲလ်ဆီးအသင်းရဲ့ နောက်တန်းကစားသမား ဒေးဗစ်လုစ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။