အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ လူစည်ကားရာ ရထားဘူတာတစ်ခုတွင် အသေခံဗုံးဖောက်ခွဲရန်ကြိုးပမ်းမှုတစ်ခု ဖြစ်ပွားခဲ့

ပါတယ်။ဖောက်ခွဲရန်ကြိုးစားသူမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။

အူလာဟာ အသေခံဖောက်ခွဲဖို့ ကြိုးစားခဲ့ပေမယ့် အပြည့်အဝ မပေါက်ကွဲဘဲ ကိုယ်တိုင် ဒဏ်ရာတွေရရှိပြီး ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအူလာကို ပြည်ထောင်စုတရားသူကြီးအဖွဲ့က ဇန်နဝါရီ ၁၀ရက်နေ့မှာအကြမ်းဖက်ပုဒ်မနဲ့ စွဲချက်တင်လိုက်ပါတယ်။မန်ဟက်တန်ပြည်နယ် တရားရုံးကဘင်္ဂလားဒေ့ရှ်နိုင်ငံသား အကာယက်အူလာကို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းတခုကိုထောက်ပံ့မှု၊ ဖျက်အားပြင်းလက်နက်တွေ အသုံးပြုမှု၊ လူရှုပ်ထွေးတဲ့ ဘူတာရုံတခုမှာ ဒီဇင်ဘာ ၁၁ရက်နေ့ကအကြမ်းဖက်မှုတွေ လုပ်ခဲ့မှုစတဲ့ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်ပြီး သူဟာ ထောင်ဒဏ်တသက်တကျွန်း ကျခံရဖို့ ရှိနေပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က မအောင်မြင်တဲ့ အသေခံဗုံးခွဲမှုအတွင်း နောက်ထပ် လူ ၃ ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

source-dvb tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။