ဆောင်းဝတ်ရည်မေလေး တစ်ယောက်ကတော့ ငပလီမှာပျော်နေပါတယ် ပရိသတ်ကြီးရေ ။

My Journey Magazine Cover အတွက် သူမရဲ့ ကမ်းခြေက အလန်းစားပုံရိပ်တွေကို ရိုက်ကူးပေးနေတာပါ။ ပင်လယ်ပြာကြီးနဲ့ လိုက်ဖက်တဲ့ အပြာရောင်ဂျင်းဖက်ရှင်ကို ခပ်မိုက်မိုက် မျက်မှန်တစ်လတ်နဲ့ တွဲဖက်ကာ ဝတ်ဆင်ထားတဲ့သူမက နိုင်ငံခြားသူ တစ်ယောက်လို့တောင် အမြင်မှားလောက်အောင်ပါပဲ။

“ အမုန်းမှသည်” ဆိုတဲ့ MRTV -4 ကပြသတဲ့ ဇာတ်လမ်းတွဲလေးက ပရိသတ်တစ်ခဲ နက်အားပေးခဲ့တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါ။ ဒီဇာတ်လမ်းတွဲလေးထဲက မင်းသမီးလေး ကတော့ နေချိုသွေးလို့ခေါ်တဲ့ သူမလေးပါပဲ။ မင်းသားကျော်ထက်ဇော်နဲ့ တွဲဖက်ကာ အချစ် ဇာတ်လမ်းလေးတစ်ခုကို အတူပုံဖော်ပြီး ပရိသတ်လက်ခံအောင် ကြိုးစားခဲ့သူတစ်ယောက်ပါ။

တပ်မတော်ဂုဏ်ပြုဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “ စစ်ကိုမုန်း၍ တိုက်ခဲ့သည်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာတော့ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊ အိချောပို၊ ခိုင်နှင်းဝေ၊ သွန်းဆက်တို့နဲ့အတူ သူမလဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြိုင် သရုပ်ဆောင်နိုင်တဲ့ သူမဟာ ရှေ့ဆက်မယ့် အနုပညာခရီးလမ်းကြောင်းမှာ အောင်မြင်တဲ့ အနုပညာတစ်ယောက်အဖြစ် မြင်တွေ့ရမှာ အသေအချာပါပဲ။

Source – Hsaung Wutyee May FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။