ပြန်ကြားရေးဝန်ကြီးဌာနနဲ့မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်တို့ပူးပေါင်းကာ အမြင်အာရုံချို့ယွင်းနေတဲ့ သူများအတွက် လက်စမ်းစာနဲ့ဖတ်ရှုနိုင်တဲ့ သတင်းစာ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ မနေ့က ၃ နာရီခွဲအချိန်မှာ ပြန်ကြားရေးဝန်ကြီး ဌာနနဲ့မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်တို့တွေ့ဆုံမှုမှာ အဲဒီ သတင်းစာနဲ့ ပတ်သတ်တဲ့အချက်အပါအဝင် အချက်(၆)ချက်ကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်မှ ဥက္ကဌဦးအောင်ကိုမြင့်က ပြောပါတယ်။

”သူတို့ကတော့ အဆင့်ဆင့်ဦးစာပေးအလိုုက် ဆောင်ရွက်သွားမယ်လို့ပြောတယ်။ အဲဒီလိုသတင်း စာထုတ် ပေးချင်တယ် ဒါပေမယ့် ဘယ်လိုလုပ်ရမလဲမသိဘူး ။ အဲဒါကို ကျွန်တော်တို့က ထုတ်ဝေနိုင်ရေးအတွက် အကူအညီပေးမယ် ။ ဘယ်တော့ထုတ်မလဲဆိုတာက သူတို့ရဲ့ ဦးစားပေးအဆင့်တွေအပေါ်မူတည်ပါတယ် ကျွန်တော်တို့ကတော့ မြန်လေကြိုက်လေပဲ ” လို့ဦးအောင်ကိုမြင့်ကပြောပါတယ်။

မနေ့ကတွေ့ ဆုံမှုမှာ လက်ရှိထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ် နဲ့မဂဇင်းတွေမှာ မသန်စွမ်းသူများ နဲ့ ပတ်သတ်ပြီးသုံးစွဲတဲ့အသုံးအနှုန်းတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပေးဖို့နဲ့အပိုင်း (၂) ပိုင်းခွဲပြီး ပြန်ကြားရေးဝန်ကြီးဦးဖေမြင့်ကို တင်ပြခဲ့တယ်လို့ဦးအောင်ကိုမြင့်ကပြောပါတယ်။အဲဒါတွေကတော့ မိုးလေဝသသတင်း၊ အရေးပေါ်သတင်းတွေတိုင်းမှာ လက်သင်္ကေတပြဘာသာစကားထည့်ပေးဖိုု့၊ မသန်စွမ်းသူများအတွက်အကူအညီပေးရေး Call Centre အကြောင်းကိုပြည်သူတွေသိဖို့နိုင်ငံပိုင်ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပေးဖို့၊ မသန်စွမ်းမှုနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းများကို ယခုထက်ပိုပြီးထုတ်လွှင့်ပေးဖို့စတာတွေကို တင်ပြခဲ့တယ်လို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - PN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။