တောင်ကိုရီးယားနိုင်ငံရဲ့ မိန်းမလှလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Kpop အဆိုတော် အဖွဲပတစ်ခုဖြစ်တဲ့ Twice ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Mina ကတော့ သူမရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်..။

နတ်သမီးလေးလို့ တင်စားခံရတဲ့ Twice ရဲ့ အဖွဲ့ဝင် Mina ကတော့ တကယ့်ကို မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်..။

Mina ကတော့ သူမတို့ Twice အဖွဲ့ရဲ့ ရက်ပိုင်း (၈၀၀)ပြည့် အထိမ်းအမှတ်အဖြစ် အခုလို လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်..။

ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ် ကုန်ပိုင်းလောက်မှာ ကိုရီးယားနိုင်ငံမှာ ကိုယ်တွင်း အင်္ဂါတွေကို လှူဒါန်းဖို့အတွက် ဆုံးဖြတ်ပြီး စာရင်းပေးသွင်းလိုက်တာ ဖြစ်ပါတယ်..။

ဂျပန်နိုင်ငံမှာတော့ (၂၀၁၃)ခုနှစ်ကတည်းက ကိုယ်ခန္ဓာလှူဒါန်းဖို့ စာရင်းပေးထားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်..။

Mina က သူမရဲ့ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး အင်စတာဂရမ်ကနေတစ်ဆင့် ပရိသတ်တွေကို အသိပေး မျှဝေခဲ့တာ ဖြစ်ပါတယ်..။

“Once (Twice ပရိသတ်တွေကိုခေါ်တဲ့ နာမည်) တို့ရေ.. ဒီနှစ်ကိုရော အစစအရာရာ အဆင်ပြေပြီး ကောင်းကောင်း ဖြတ်သန်းခဲ့ကြရဲ့လား.. ဒီနေ့လေးကတော့ Twice အဖွဲ့ရဲ့ ပွဲဦးထွက် ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့တာ ရက်ပေါင်း (၈၀၀) ပြည့်တဲ့ နေ့လေးပါပဲ.. ဒီနေ့လေးမှာပဲ ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါလှူဒါန်းဖို့ မှတ်ပုံတင်လုပ်ပြီး စာရင်းပေးခဲ့လိုက်ပါပြီ..

ကျွန်မတို့ Twice ကို အမြဲချစ်ခင်အားပေးနေတဲ့ Once တွေကို ကျေးဇူးအရမ်းတင်ပါတယ်.. ဒီနေ့လေးမှာလည်း သာယာပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေး ဖြစ်ပါစေနော်..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

သူမတို့ Twice အဖွဲ့ကတော့ ဒီနေ့ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "32nd golden disc awards" ပွဲမှာ (Digital Bonsang) ဆုကို "Knok Knock" သီချင်းနဲ့ Digital Bonsang ဆုကို ရရှိခဲ့ပါသေးတယ်..။

Source - Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။