နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်တစ်ယောက် LUSH ရဲ့ ဇန်နဝါရီလ ထုတ် မဂ္ဂဇင်း မျက်နှာဖုံးအတွက် အရမ်းကိုမိုက်လွန်းတဲ့ သူမရဲ့ပုံရိပ်တွေကို Facebook ပေါ်တင်လိုက်ပါတယ်။ တကယ့်ကိုအမိုက်စားပုံရိပ်တွေမို့ ပရိတ်သတ်တွေကလည်း အပြတ် အသတ်ကို ကြွေနေကြပါတယ်။ အမြဲတမ်းစွဲဆောင်မှုရှိတဲ့ သူမရဲ့ပုံစံလေးကြောင့် ပရိတ်သတ်တွေက ချစ်ခင်အားပေးခဲ့ကြတာဖြစ်ပြီး ယခုထက်တိုင်လည်း အောင်မြင်မှုတွေနဲ့ အတူ အနုပညာလမ်းကြောင်းပေါ်မှာ ထိပ်တန်းမင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေတာပဲ ဖြစ် ပါတယ်။

အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်းပိုင်ဆိုင်ထားခဲ့ပြီး ဇာတ်ကားပေါင်းများစွာမှာလည်း သူမ က အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ ပရိတ်သတ်တွေကို အပြတ်အသတ်စွဲဆောင်ခဲ့ တာပဲ ဖြစ်ပါတယ်။ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်ပြီး စိတ်ထားဖြူစင်သူလေး တစ်ဦးပါပဲ။ သူမဟာ မြန်မာနိုင်ငံရဲ့ Instagram မှာ Follower အများဆုံးရရှိထားတဲ့ မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ ဆွဲဆောင်မှုအပြည့်နဲ့ ချစ်စရာကောင်းတဲ့မျက်နှာထား လေး ပိုင်ဆိုင်ထားသူ ကစ်ကစ်ကတော့ ပရိတ်သတ်တွေရဲ့ ထာဝရအသည်းကျော်လေးတစ်ဦး ဖြစ်လို့နေပါတယ်။

သူမမော်ဒယ်လုပ်ကာ ရိုက်ကူးပေးထားတဲ့ ဒီလထုတ် LUSH Magazing ရဲ့ Cover Photo အတွက် ရိုက်ကူးထားတဲ့ အမိုက်စားပုံရိပ်တွေ ဟာ မြင်သူတိုင်းကြွေဆင်းချင်စရာကောင်း လောက်အောင်ကို လန်းလွန်းနေတာပါ။ ရုတ်တရက်ကြည့်ရင် နိုင်ငံခြားမင်းသမီးတစ်ဦးလို့ တောင် ထင်မှတ်မှားရလောက်အောင်ကို အထာကျလွန်းနေတဲ့ သူမရဲ့လုံးဝကြွေဆင်းသွား ရမယ့် ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo – Wutt Hmone Shwe Yi’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။