သြဇာသီးက အထူးသဖြင့် မိုးရာသီမှာ အများဆုံးစားရလညး်ရှိပါတယ်။ ချိုတဲ့အရသာရှိပြီး ကမ္ဘာတစ်ဝန်းမှာ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ အရသာချိုသလို ဆေးဖက်လည်းဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ သြဇာသီးကို အချိုပွဲအနေနဲ့လည်း စားသုံးကြပါတယ်။ သြဇာသီးကို စားခြင်းအားဖြင့်

- အစာမကြေဝေဒနာ ၊နှင့် ရင်ပြည့်ရင် ကယ်ဖြစ်ခြင်း၊ ဝမ်းဖော်ဝမ်းရောင်ဖြစ်ခြင်း၊ စတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

- သြဇာသီး ကကြေးနီဓာတ်ပါရှိတာကြောင့် ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းကိုက်ခြင်းကို သက်သာစေနိုင်ပါ တယ်။

- ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အင်တီအောက်ဆီးဒင့်အစွမ်းပါ၇ှိသဖြင့် ဗီတာမင်စီကို အများအပြားရရှိစေ ပါတယ်။

- ဗီတာမင်အေပါဝင်နေတာကြောင့် ဆံကေသာသန်စွမ်းစေပြီး အသားရည်ချောမွေ့စေပါတယ်။

- ကြွက်သားအားနည်းခြင်း၊ နှလုံးမကောင်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းတို့အတွက် သြဇာသီးမှာပါဝင်တဲ့ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့က အထောက်အကူပြုပေးပါတယ်။

- မဂ္ဂနီဆီယမ်ပါဝင်ခြင်းကြောင့် အဆစ်တွေရောင်ခြင်းကိုလည်း လျော့ကျစေပါတယ်။

- သြဇာသီးမှာပါဝင်တဲ့ သိုင်ယာမင်း၊ ဗီတာမင်အေ၊ သဘာဝသကြား၊ နိုင်ယာစင်၊ ကာဗိုဟိုက်ဒရိတ်၊သံဓတာ် ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ ကြေးနီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ တွေ့ ပါရှိခြင်းကြောင့် ကျန်းမာရေးအတွက် အားထားရတဲ့ သီးနှံတစ်ခုဖြစ်ပါတယ်။

- ခန္ဓာကိုယ်ထဲရှိမလိုအပ်တဲ့ ပိုးမွားတွေကို သေစေနိုင်တဲ့ အာနိသင်ပါရှိပါတယ်နော်။ သြဇာသီးကို ဒီအတိုင်း စားတာပဲဖြစ်ဖြစ် ကျန်းမာရေးအတွက်စားတာပဲဖြစ်ဖြစ် အကျိုးရှိစေမှာအမှန်ပဲဖြစ်ပါတယ်နော်။ နောက်တစ် ခုက သြဇာသီးမှာ သံဓာတ်ပါဝင်တဲ့အတွက် သွေးအားနည်းဝေဒနာတွေကို သက်သာစေမှာဖြစ်ပါတယ်ရှင့်။ ကဲဒီလောက်ဆို သြဇာသီးအကြောင်းသိလောက်ပြီးမို့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါရစေနော်။ ကျန်းမာ ကြပါစေ။

Source :ကြယ်စင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။