နာမည်ကျော်တစ်ဦးဖြစ်တဲ့ ရွှေပိုးအိမ်တစ်ယောက် သူမရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ ကို Facebook မှာတင်ထားပါတယ်။ လက်ရှိမှာတော့ အားပေးချစ်ခင်သူပရိတ်သတ်တွေ နဲ့ သူမက အောင်မြင်မှုတွေကို သရဖူဆောင်းနေပြီပဲဖြစ်ပါတယ်။ 2017 မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်မလေးတစ်ဦး ဖြစ်လို့နေပြီပဲဖြစ်ပါတယ်။ အမြဲတမ်းချစ်စရာကောင်းတဲ့ပုံစံလေး တွေနဲ့ ပရိတ်သတ်ကိုဖမ်းစားခဲ့ပြီး သူမကို အားပေးချစ်ခင်တဲ့ပရိတ်သတ်တွေကလည်း တနေ့တခြားများပြားလာပြီပဲဖြစ်ပါတယ်။

2017 ဟာ သူမအတွက်တော့ ဝမ်းနည်းစရာနှစ်တစ်ခုဖြစ်ခဲ့ပါတယ်။ နာမည်ကျော် အဆိုတော်မင်းသား တစ်ဦးက သူမဟာ နာမည်မရသေးတဲ့ မော်ဒယ်တစ်ဦးဖြစ်တာကြောင့် သူမနဲ့ Photo Shooting တွဲရိုက်ဖို့ကို ငြင်းပယ်လိုက်တယ်လို့သိရပါတယ်။ ဒီကိစ္စကြောင့် သူမက Live လွှင့်ပြီး ပရိတ်သတ် တွေကိုပြောပြကာ ငိုခဲ့ပါသေးတယ်။ နောက်ထပ်ပြဿနာ တစ်ခုကတော့ နာမည်ကြီးအဆိုတော်တစ်ဦး ရဲ့ ခင်ပွန်းဖြစ်သူနဲ့ သူမကို အထင်မြင်မှားပြီး စွပ်စွဲခဲ့တာကြောင့် ပရိတ်သတ်တွေက နားလည်မှုလွဲကာ သူမကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခဲ့ပါတယ်။

ဒီပြဿနာတွေက လက်ရှိမှာတော့ တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီဖြစ်ပြီး သူမက အကောင်း ဆုံး အခြေအနေတစ်ခုနဲ့ အနုပညာလမ်းခရီးပေါ်မှာ လျှောက်လှမ်းနေပြီပဲဖြစ်ပါတယ်။ သူမကို အားပေးချစ်ခင်တဲ့ ပရိတ်သတ်တွေကလည်း သူမရဲ့ရိုက်ကူးတော့မယ် ဇာတ်ကား တွေကို မျှော်လင့်နေတာဖြစ်ပြီး သူမကလည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိနေပါ တယ်။ သူမရဲ့ ချစ်စဖွယ်ပုံလေးတွေကိုလည်း Facebook မှာတင်ထားတတ်ပါသေးတယ်။ အိမ်နေရင်းတောင် ချစ်စရာကောင်းနေတဲ့ ရွှေပိုးအိမ်ရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo – Shwe Poe Eain’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။